သျှမ်းပြည်တွင် COVID-19 အတွက် ဘတ်ဂျက် သီးသန့် မရှိ

သျှမ်းပြည်တွင် COVID-19 အတွက် ဘတ်ဂျက် သီးသန့် မရှိ

နန်းဆိုင်ဖူး — သျှမ်းပြည်နယ်အစိုးရအနေဖြင့် COVID-19 အတွက် သီးသန့်ဘတ်ဂျက်မရှိသော်လည်း သဘာဝဘေးအန္တရာယ်အတွက် လျာထားသည့် ဘတ်ဂျက်ကို သုံးစွဲသွားမည်ဟု သတင်းရရှိသည်။

၂၀၂၀ သဘာဝဘေးအန္တရာယ်အတွက် လျာထား ဘတ်ဂျက် ရန်ပုံငွေ သန်း ၈၀၀ ထဲမှ  COVID-19 အတွက် ထုတ်နုတ် သုံးစွဲသွားမည်ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းထံမှ သိရသည်။

 

“ဒီနှစ်အတွက် ရန်ပုံငွေ ရေးဆွဲတုန်းက COVID-19 မပေါ်သေးဘူး။ မပေါ်သေးတော့ COVID- 19 အတွက် လျာထားတာ ဆိုတာကတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြည်နယ် ရန်ပုံငွေ ထဲပါတော့ သဘာဝ အတွက် လျာထားတဲ့ထဲက သုံးစွဲသွားမယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ သန်း ၈၀၀ ထဲမှ  ရန်ပုံငွေ အချို့ကို COVID-19 အတွက် သုံးစွဲပြီးကြောင်း၊ လက်ရှိမှာ သန်း ၅၀၀ကျော် ကျန်သေးပြီး ဆက်လက်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ COVID-19 အတွက် အခြားရန်ပုံငွေမှ ဆွဲယူ သုံးစွဲခြင်းမရှိသေးကြောင်း ဒေါက်တာမျိုးထွန်း ကဆက်လက်ပြောသည်။

သျှမ်းပြည်နယ်တွင် ဧပြီ ၁ ရက်နေ့အထိ စာရင်းမှာ  COVID -19 စောင့်ကြည့်လူနာ ၈၉ ဦးရှိပြီး သံသယ လူနာ ၁ ဦး ၊ ပိုးမတွေ့ လူနာ ရ၇ ဦး ၊ ပိုးတွေ့လူနာ ၁ ဦးနှင့် အဖြေစောင့်သည့် လူနာ ၁၂ ဦး ရှိထားကြောင်း ဒေါက်တာမျိုးထွန်းက ပြောဆိုလိုက်သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...