ကရင်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လူဦးရေ တစ်သိန်းကျော် တိုးလာ

ကရင်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လူဦးရေ တစ်သိန်းကျော် တိုးလာ

စောထွန်းလင်း — ကရင်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လူဦးရေ ၁၁၀,၀၀၀ ကျော် တိုးလာကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနက ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၄ ခုနှစ် ဧပြီလ မှ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့ထိ ကြားကာလ ကိန်းဂဏန်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် ကျား ၇၃၉,၁၂၇ ဦး၊ မ ၇၆၅,၁၉၉ ဦး စုစုပေါင်းလူဦးရေ ၁,၅၀၄,၃၂၆ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါစာရင်းကို အခြေခံတွက်ချက်မှုများအရ ယခု ၂၀၂၀ ဧပြီ ၁ ရက်နေ့တွင် ကျား ၇၉၀,၀၀၀ ကျော်၊ မ ၈၂၀,၀၀၀ ကျော် စုစုပေါင်းလူဦးရေ ၁,၆၁၀,၀၀၀ ကျော် ရှိသည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ပြောသည်။

သို့သော် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကရင်ပြည်နယ်အတွင်းရှိ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေအချို့ မပါဝင်သည့်အတွက် ယခုထုတ်ပြန်သည့် လူဦးရေစာရင်းသည် အတိအကျမဟုတ်ဘဲ အနီးစပ်ဆုံး စာရင်းသာဖြစ်နိုင်ကြောင်း သိရသည်။

ကရင်ပြည်နယ်၏ လူဦးရေ စာရင်းသည် နှစ်စဉ် တစ်သောင်းနီးပါးတိုးမည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ၁,၆၂၆,၆၅၆ ဦးရှိမည်ဖြစ်သလို ၂၀၃၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ ၁,၇၂၃,၃၆၈ ဦးရှိမည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားသည်။

ယခု ဧပြီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄,၅၇၆,၀၇၈ သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင် ၈ ဒသမ ၃၉ (၈.၃၉ )သန်းဖြင့် လူဦးရေးအများဆုံးရှိကာ မန္တလေးတိုင်းဒေသကြီးတွင် ၆ ဒသမ ၅၄ (၆.၅၄) သန်း၊ ရှမ်းပြည်နယ်တွင် ၆ ဒသမ ၄၃ သန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ဒသမ ၂၇ (၆.၂၇) သန်းဖြင့် အများဆုံး နေထိုင်ကြသည်။

လူဦးရေအနည်းဆုံးမှာ ကယားပြည်နယ်တွင် ၃၃၀,၀၀၀ ဦးကျော်နှင့် ချင်းပြည်နယ်တွင် ၅၂၀,၀၀၀ ဦးကျော် ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...