ကရင်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လူဦးရေ တစ်သိန်းကျော် တိုးလာ

ကရင်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လူဦးရေ တစ်သိန်းကျော် တိုးလာ

စောထွန်းလင်း — ကရင်ပြည်နယ်တွင် ခြောက်နှစ်အတွင်း လူဦးရေ ၁၁၀,၀၀၀ ကျော် တိုးလာကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနက ဧပြီ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၁၄ ခုနှစ် ဧပြီလ မှ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့ထိ ကြားကာလ ကိန်းဂဏန်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် ကျား ၇၃၉,၁၂၇ ဦး၊ မ ၇၆၅,၁၉၉ ဦး စုစုပေါင်းလူဦးရေ ၁,၅၀၄,၃၂၆ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါစာရင်းကို အခြေခံတွက်ချက်မှုများအရ ယခု ၂၀၂၀ ဧပြီ ၁ ရက်နေ့တွင် ကျား ၇၉၀,၀၀၀ ကျော်၊ မ ၈၂၀,၀၀၀ ကျော် စုစုပေါင်းလူဦးရေ ၁,၆၁၀,၀၀၀ ကျော် ရှိသည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ပြောသည်။

သို့သော် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကရင်ပြည်နယ်အတွင်းရှိ ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေအချို့ မပါဝင်သည့်အတွက် ယခုထုတ်ပြန်သည့် လူဦးရေစာရင်းသည် အတိအကျမဟုတ်ဘဲ အနီးစပ်ဆုံး စာရင်းသာဖြစ်နိုင်ကြောင်း သိရသည်။

ကရင်ပြည်နယ်၏ လူဦးရေ စာရင်းသည် နှစ်စဉ် တစ်သောင်းနီးပါးတိုးမည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ၁,၆၂၆,၆၅၆ ဦးရှိမည်ဖြစ်သလို ၂၀၃၁ ခုနှစ်တွင် စုစုပေါင်း လူဦးရေ ၁,၇၂၃,၃၆၈ ဦးရှိမည်ဟု ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားသည်။

ယခု ဧပြီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄,၅၇၆,၀၇၈ သန်းရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင် ၈ ဒသမ ၃၉ (၈.၃၉ )သန်းဖြင့် လူဦးရေးအများဆုံးရှိကာ မန္တလေးတိုင်းဒေသကြီးတွင် ၆ ဒသမ ၅၄ (၆.၅၄) သန်း၊ ရှမ်းပြည်နယ်တွင် ၆ ဒသမ ၄၃ သန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၆ ဒသမ ၂၇ (၆.၂၇) သန်းဖြင့် အများဆုံး နေထိုင်ကြသည်။

လူဦးရေအနည်းဆုံးမှာ ကယားပြည်နယ်တွင် ၃၃၀,၀၀၀ ဦးကျော်နှင့် ချင်းပြည်နယ်တွင် ၅၂၀,၀၀၀ ဦးကျော် ဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနထံမှ သိရသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...