COVID-19 ကြောင့် မိမိတို့ ထိန်းချုပ်နယ်မြေကို ဝင်/ထွက်ခွင့် ပိတ်ထားဟု RCSS ပြော

COVID-19 ကြောင့် မိမိတို့ ထိန်းချုပ်နယ်မြေကို ဝင်/ထွက်ခွင့် ပိတ်ထားဟု RCSS ပြော

အုပ်မှူးဇော်  - COVID- 19 ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် မိမိတို့ ထိန်းချုပ်နယ်မြေများရှိ ဂိတ်ပေါက်များကို lock down ချကာ အဝင်အထွက် ပိတ်လိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဦးစိုင်းခမ်းစံက ပြောသည်။

RCSS သည် ၎င်းတို့၏ လှုပ်ရှားနယ်မြေများနှင့် ထိန်းချုပ်နယ်မြေအတွင်းမှာ မတ်လ ၁၃ ရက်ကမှ စတင်ပြီး ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာသူ မှန်သမျှကို COVID -19 ရှိ/မရှိ  ဆေးစစ်မှုများပြုလုပ်ခဲ့သည်။

ထို့နောက် မတ်လ ၂၂ ရက်မှ စတင်ကာ RCSS သည် ၎င်း၏ ထိန်းချုပ်နယ်မြေအတွင်း ဝင်ထွက် သွားလာခွင့် ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

RCSS မှ ဗိုလ်မှူး စိုင်းခမ်းစံက “ဒီကိစ္စကတော့ ဖြစ်လာလို့ရှိရင် ကုသဖို့ဆိုတာ တခြားနိုင်ငံတွေမှာတောင် ခက်ခဲနေတယ်လေ။ ကျွန်တော်တို့က ကုသဖို့အတွက်ဆိုရင်တော့ ပိုတောင်မှစိုးရိမ်ရတာပေါ့နော်။ ဒါကြောင့် ကြိုတင် ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပဲလေနော်"ဟုပြောသည်။

RCSS သည် ရှမ်းပြည်နယ် လင်းခေးခရိုင်ထဲက လင်းခေးမြို့၊ မိုင်းပန်မြို့၊ မိုင်းတုံမြို့ ၊ မိုင်းကိုင်မြို့တို့ကနေ  တာချီလိတ်တလျှောက်တွင် လည်းကောင်း၊ တာချီလိတ်မှ ကယားပြည်နယ် အစပ်နှင့် လွယ်တိုင်းလျဲန် ဌာနချုပ်နေ  ရာ ဖြစ်သည့် မုံးထော်/မုံးထတို့တွင်လည်းကောင်း၊ ထိုင်းဘက်က မိုင်းဆန်မြို့နှင့် ကျိုင်းတုံစစ်ဒေသအရှေ့ဘက်ခြမ်းတွင်လည်းကောင်း စသည့် ဒေသများတွင် အဝင်အထွက်ပိတ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူး စိုင်းခမ်းစံက “lockdown ကတော့ ရောဂါအခြေအနေကို စောင့်ကြည့်ရမှာပေါ့နော်။ အနည်းဆုံးတော့ တစ်ပတ်အထက်မှာ ကျွန်တော်တို့ အခြေအနေကြည့်ရမယ်လေ။ lockdown လုပ်တယ်ဆိုတာ အဓိကက လူ ပဲလေ။ ကုန်ပစ္စည်း စီးဆင်းမှုကတော့ ကျွန်တော်တို့စစ်ဆေးပြီးတော့ ထိန်းချုပ်သွားမှာပေါ့ နော်” ဟု ပြောသည်။

လက်ရှိ အဝင်အထွက်ပိတ်ထားသည့် ဂိတ်များတွင် စားသောက်ကုန်များ မပြတ်အောင် ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီးမှ ဂိတ် အဝင်အထွက်ကိုလက်ခံသွားမည် ဖြစ်ကြောင်း၊ ကန့်သတ်နေရာ များတွင် ပြည်ပမှ ပြန်ဝင်လာ သူများ ကို လက်ခံမည်မဟုတ်ကြောင်း RCSS ဘက်က ပြောသည်။

ထို့အပြင် RCSS အနေနှင့် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID -19 နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေကြောင်း ဗိုလ်မှူး စိုင်းခမ်းစံကပြောသည်။

“ဒီကိစ္စကတော့ အဖွဲ့အစည်းနဲ့ဆိုင်တာမဟုတ်ဘူး။ တစ်နိုင်ငံတည်း ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ တစ်ကမ္ဘာလုံး နဲ့ဆိုင်တဲ့ကိစ္စဖြစ်နေတယ်။ နောက်တစ်ခု ဒီရောဂါပွားသွားလို့ရှိရင် တခြားဖြစ်စဉ်တွေကို အများကြီးထိ ခိုက်နိုင် တာပေါ့နော်”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အနေဖြင့် COVID-19 ရောဂါစစ်ဆေးခြင်းကို အစိုးရနှင့် ပေါင်းလုပ်ဆောင်ခဲ့ခြင်းမရှိဘဲ မိမိတို့ဘာသာဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သို့သော် မိမိတို့ ထိန်းချုပ် နယ်မြေအတွင်း ရောဂါပိုးရှိသည့် လူနာ တွေ့ရှိပါက အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ လူနာ ၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက မတ်လ ၂၃ ရက်က ထုတ်ပြန်ထားသည်။

RCSS သည် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထိုရှမ်း လက်နက်ကိုင်အဖွဲ့သည် စစ်သား ထောင်နှင့်ချီ ရှိသည့်အတွက် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဂရုတစုက်ဆောင်ရွက်နေကြောင်း သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...
The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...