ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် Covid-19 ရောဂါပိုး တွေ့ရှိ ဟု သတင်းထွက်ပေါ်

ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် Covid-19 ရောဂါပိုး တွေ့ရှိ ဟု သတင်းထွက်ပေါ်

နေနော် - မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးတွင် မတ်လ ၂၃ ရက် ညနေပိုင်းက  အသက် (၃၂) နှစ် အရွယ် ပါကစ္စတန်နိုင်ငံသားတစ်ဦးထံမှ  Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက် ရှိသည်။

၎င်းမှာ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ ထိုင်းအမျိုးသမီးနှင့် အိမ်ထောင်ကျပြီး မြန်မာ - ထိုင်း နယ်ခြား သောင်ရင်းမြစ်ကမ်းရှိ ဂိတ်များတွင် ဂျပန်တစ်ပတ်ရစ် လိုင်စင်မဲ့ကား အရောင်းအဝယ် ပြုလုပ်နေသူ ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများ၏ ပြောကြားမှုအရ သိရသည်။

သူသည် ပါကစ္စတန်နိုင်ငံကို ပြန်သွားပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာရာ ရောက်ရှိ၍ ရက်ပိုင်းခန့်အကြာ မဲဆောက်ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးစဉ် မတ်လ ၂၃ ရက်နေ့ ညနေ (၅း၄၅)နာရီခန့်က Covid-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း မဲဆောက်ဆေးရုံမှ အတည်ပြုခဲ့ဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြလျက်ရှိသည်။

ထို သတင်းထွက်ပေါ်ပြီးနောက်  မဲဆောက်မြို့ရှိ ပြည်သူများ လိုက်နာရန်ဟု ဆိုကာ ည ၈ နာရီကစပြီး အပြင်မထွက်ရ၊ လူ ၁၀ ယောက်ထက် စုဝေးမှု မလုပ်ရ ၊ ကျန်းမာရေး မသင်္ကာပါက ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း အကြောင်းကြားရန် စသည့်  အချက်များကို ထိုင်းရေဒီယိုက မြန်မာဘာသာဖြင့် ကြေညာသွားကြောင်းလည်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနဘက်က တရားဝင် ထုတ်ပြန်ထားမရှိသေးကြောင်း ထိုင်းအစိုးရတာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့်  ရောဂါပိုး ကူးစက်သည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိပြီး ရောဂါပိုးကူးစက်ခံရသူအရေအတွက်အားဖြင့် ၃၃၄၉ ၈၁ ဦး ထိရှိရာ သေဆုံးသူ  ၁၄,၆၅၂ ဦး ထိရှိလာကြောင်း မတ်လ ၂၃ ရက်ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ထိုင်းနိုင်ငံတွင်လည်း ကူးစက်ခံရသူ ၇၂၁ ဦးအနက် တစ်ဦး သေဆုံးခဲ့သလို မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၃ ညဉ့်ဦးပိုင်းတွင် ထုတ်ပြန်ထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...