ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား (၁) ယာယီ ပိတ်ထားမည်

ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား (၁) ယာယီ ပိတ်ထားမည်
Photo: Nay Naw
Photo: Nay Naw

Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အစီအစဉ်ဖြင့် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက် တစ်ခုဖြစ်သော ထိုင်း-မြန်မာနယ်ခြား မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို မတ်လ ၂၁ ရက်နေ့မှ စတင်၍ ယာယီ ပိတ်ထားမည်ဟု တာဝန်ရှိသူများက ပြောသည်။

"(အဆိုပါတံတားကို) ၁၄ ရက်ကြာ ခေတ္တ ယာယီပိတ်ထားဖို့ ရှိပါတယ်။ ဒါကတော့ ညွှန်ကြားချက်အရ ထိုင်းဘက်ခြမ်းက ပိတ်မယ်ဆိုတော့ နှစ်ဖက် ညှိနှိုင်းပြီး တံတားပိတ်ထားမဖြစ်ပါတယ်”ဟု ပြည်သူ့ အင်အားနှင့် လူဝင်မှုဆိုင်ရာကြီးကြပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းရွှေက ပြောသည်။

ထိုသို့ တံတားပိတ်ထားသော်လည်း ကုန်စည်စီးဆင်းမှု အဓိကပြုလုပ်လျက်ရှိသော မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရေပူကျေးရွာအနီးရှိ ထိုင်း-မြန်မာနယ်ခြား အမှတ်(၂)ချစ်ကြည်ရေးတံတားကိုမူ ပိတ်သိမ်းခြင်းမပြုဘဲ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။ ဝင်ထွက်သွားလာလိုသူများအနေဖြင့် တံတား အမှတ် (၂) မှတစ်ဆင့် ခြေလျင်ဖြစ်စေ၊ ယာဉ်ဖြင့်ဖြစ်စေ ယခင်အတိုင်း သွားလာနိုင်ကြောင်း၊ ထိုင်းသို့ သွားရောက်မည့်သူများမှာလည်း ထိုနည်းတူ ဖြစ်ကြောင်း ဦးသန်းရွှေက ပြောသည်။

Covid-19 ရောဂါ ပြန့်ပွားမှုအခြေအနေ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာ၍ တာ့ခ်ခရိုင်အတွင်း ရောဂါကူးစက်ပြန့်ပွားနိုင်မှု ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန မတ်လ ၂၀ရက် ထုတ်ပြန်ချက်အရ အမှတ်(၁) ချစ်ကြည်ရေ တံတားကို အဝင်အထွက် ဆိုင်းငံ့ထားရန်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားမှအပ ကျန် လမ်းကြောင်းအားလုံး လူအဝင်အထွက်၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု၊ မော်တော်ယာဉ်ဝင်ထွက်မှုအားလုံးကို အမိန့်စာထုတ်ပြန်သည့်နေ့မှစ၍ Covid-19 ဗိုင်းရပ်စ်ရောဂါပြန့်ပွားမှု ပုံမှန်ထိန်းချုပ်နိုင်သည့် အနေအထားရောက်သည်အထိ ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...