ဆန်ပြတ်လပ်သော ဆော့လော်မြို့နယ်သို့ ပြည်ထောင်စုအစိုးရက ဆန် တင်ပို့

ဆန်ပြတ်လပ်သော ဆော့လော်မြို့နယ်သို့ ပြည်ထောင်စုအစိုးရက ဆန် တင်ပို့
ဆော့လော်မြို့နယ်၊ ဓါတ်ပုံ-ဒေါ်ခေါ်မာဝူ
ဆော့လော်မြို့နယ်၊ ဓါတ်ပုံ-ဒေါ်ခေါ်မာဝူ

Covid-19 ကူးစက်ရောဂါကြောင့် တရုတ်နယ်စပ် လမ်းကြောင်း ပိတ်ဆို့လိုက်သောကြောင့် ဆန်ပြတ်လပ်သွားသော ကချင်ပြည်နယ် ဆော့လော်ဒေသခံများအတွက် ပြည်ထောင်စုအစိုးရက ပထမအကြိမ် ဆန်အိတ်ပေါင်း တစ်ထောင်ကျော် ထောက်ပံ့ထားကြောင်း သိရသည်။



အဆိုပါ ဆန်အိတ်များကို ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ယူကာ ဝယ်ယူပေးမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မားဝူက ပြောသည်။



“လောလောဆယ် မိုးတွင်းကာလအတွက်ကတော့ သိပ် စိုးရိမ်စရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ ရောဂါဖြစ်လို့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့အချိန်ကျတော့ ဆော့လော်ပြည်သူတွေအတွက် အစားအသောက် အရမ်းကို ခက်ခဲသွားပါတယ်။ အစ်မကလည်း အရမ်း စိုးရိမ်စိတ်တွေ ဝင်ပြီးတော့ ပြည်ထောင်စု ဘေးဆီကို အကူအညီ တောင်းလိုက်တဲ့အချိန်ကျတော့ ဆန်အိတ်ပေါင်း ၁၄၀၀ ကူညီထားပါတယ်”ဟု ဆော့လော်မြို့နယ် မဲဆန္ဒနယ်၂   လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မားဝူက ဆိုသည်။



ဆန်အိတ်များကို မိုးတွင်းကာလမရောက်မီ အရောက်ပို့နိုင်ရန် လမ်းစရိတ်အတွက် ပြည်နယ်အစိုးရထံ တောင်းခံထားသည်ဟု သိရသည်။



ယခုဆန်ထောက်ပံ့မှု ရရှိမည့် ကျေးရွာများမှာ လန်ဆယ်ကျေးရွာအုပ်စု ဆန်အိတ်(၃၀၀)၊ လကင်အုပ်စု(၁၀၀)၊ ဟန်းကောအုပ်စု(၂၀၀)၊ ထော့လန်(၂၀၀) ၊ယော်ဂျော(၁၅၀)၊ပရှဲအုပ်စု (၁၀၀)၊ ဂျရန်အုပ်စု(၅၀) ၊ကျေးရွာပေါင်း ၇ရွာမှ အိမ်ထောင်စု ၆၃၉ စုလူဦးရေ ၄၅၅၆ ဦးအား အဓိက ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် ၈ပြည်ရရှိမည်ဖြစ်ကြောင်း သိရသည်။



ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆော့လော်မြို့နယ်ရှိ ဖီမော်၊ ရှိန်းခေါင်၊ ကန်ဖန့် စသည့်ဂိတ်များသည် တရုတ်နိုင်ငံမှ တရားဝင်ဂိတ်များဖြစ်သည့်အတွက် တရုတ်အစိုးရမှ တရားဝင် ပိတ်လိုက်ပြီးနောက်တွင် ဆန်နှင့် စားသောက်ကုန်များ ဈေးမြင့်တက်မှုရှိနေပြီး ဝယ်ယူရန်ပင် ခက်ခဲသည့် အခြေအနေထိရှိနေခဲ့သည်။



ယခုအကြိမ်ပြည်ထောင်စုမှ ထောက်ပံ့သည့်ဆန် သယ်ယူစရိတ်များ အားလုံး ပြည်နယ်အစိုးရက တာဝန်ယူကာ ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။



“ကျမတို့ ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ အစားအသောက် အခက်ခဲဆုံးက ပထမ ခေါင်လန်ဖူးမြို့နယ်၊ ပြီးလို့ရှိရင် ဆော့လော်မြို့နယ် ဖြစ်တယ်။ တစ်ချို့တွေက ပြောတာတွေလည်း ရှိတယ်။ ဆော့လော်မြို့နယ်က မြစ်ကြီးနားခရိုင်ဖြစ်ပြီးတော့ ဘာလို့ အဲလောက် ခက်ခဲတာလဲပေါ့။ အဓိက လမ်း အခက်အခဲရှိလို့ ဖြစ်တယ်” ဟု ဒေါ်ခေါ်မားဝူက ပြောသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...