မြောက်ဦးတွင် တိုက်နယ်ဆေးရုံ ကျည်များ ထိမှန်၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ အရေးပေါ် ရွှေ့ပြောင်း

မြောက်ဦးတွင် တိုက်နယ်ဆေးရုံ ကျည်များ ထိမှန်၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ အရေးပေါ် ရွှေ့ပြောင်း

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ်ဆေးရုံတွင် မတ်လ ၁၃ ရက် နံနက်ပိုင်းက ကျည်ဆံများ ထိမှန်သဖြင့် ဆရာဝန် ဦးမျိုးမင်းထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၂ ဦးနှင့် ဆေးရုံတက်နေသည့် လူနာများ မြောက်ဦးခရိုင်ပြည်သူ့ ဆေးရုံသို့  အရေးပေါ် ပြောင်းရွှေ့ခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်ကြောင့် လူနာစောင့် ဒေါ်သန်းအေးကြည်(၅၅) နှစ် လည်ပင်း ယာဘက် ကျည်ဆံဖောက်ဝင်သွားကြောင်း တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြောက်ဦးဆေးရုံမှ ဆရာဝန် ဦးခင်မောင်သန်းက “တိမ်ညိုဆေးရုံကို ကျည်တွေကျလို့ အဲဒီမှာ ဆက်နေလို့ မရလို့ပါ။ လူနာတွေကိုပါ မြောက်ဦးကို  ပြောင်းခိုင်းတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

မတ်လ ၁၃ ရက် နံနက် ၆ နာရီခန့်က မြောက်ဦးမှ ကျောက်တော်ဘက်သို့ ရန်ကုန်-စစ်တွေ အာရှလမ်းအတိုင်း မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခံရသဖြင့် စစ်ယာဉ်တန်းများက ပြန်လည် ပစ်ခတ်ရာတွင်  တိုက်နယ်ဆေးရုံကို ကျည်ဆံ ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းသို့ တပ်မတော်ယာဉ်တန်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့်  မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်း ၁၂ ဦး၊ တောင်ဦးမှ တစ်ဦး၊ ကျောက်တော်မြို့နယ် သရက်တပင် သိန်းတန်ရွာမှ သုံးဦး၊ အရပ်သား စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းအပြင် ပေါင်းတုတ် မူဆလင်ကျေးရွာတွင်လည်း ကျည်ဆံထိမှန်၍ ၈ ဦး ဒဏ်ရာရရှိခဲ့ရာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ကျေးရွာ တာဝန်ခံ ဦးချောင်ချူက ပြောသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...