ကျည်ထိမှန်၍ ဒဏ်ရာပြင်းထန်သူ အမျိုးသမီးငယ်ကို ဆေးရုံပို့စဉ် လမ်းခုလတ် တိုက်ပွဲကြား ပိတ်မိနေ

ကျည်ထိမှန်၍ ဒဏ်ရာပြင်းထန်သူ အမျိုးသမီးငယ်ကို ဆေးရုံပို့စဉ် လမ်းခုလတ် တိုက်ပွဲကြား ပိတ်မိနေ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အောင်သာယာကျေးရွာတွင် ကျည်ဆံထိမှန်ပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အမျိုးသမီးငယ်တစ်ဦးကို ကျောက်တော်ဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်းတွင်လည်း  တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသဖြင့် ရှေ့မဆက်နိုင်ဘဲ တိုက်ပွဲကြား ပိတ်မိနေရကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးငယ်မှာ မရီရီသန်း (၁၅) နှစ် ဖြစ်ကြောင်း၊ သူမမှာ မတ်လ ၁၀ ရက်က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး  သေဆုံးသွားသူ မနိုင်နိုင်သန်း (၂၀ နှစ်) ၏ ညီမ ဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အောင်သာယာကျေးရွာ နေအိမ်တစ်လုံးအတွင်းသို့ မတ်လ ၁၀ ရက် ညနေက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မနိုင်နိုင်သန်း သေဆုံးခဲ့ပြီး ရွာသား ခုနှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ မရီရီသန်းမှာ ထို ဒဏ်ရာ ရရှိသူ ၇ ဦးထဲမှ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

မရီရီသန်းကို မတ်လ ၁၁ ရက် နံနက်ပိုင်းက မီးဝကျေးရွာမှ ကုန်းလမ်းခရီးဖြင့် ထမ်းပိုးသယ်ယူလာစဉ် လမ်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပိတ်မိနေခြင်းဖြစ်သည်ဟု လူနာကို သယ်ဆောင်ပေးခဲ့သည့် အစ်ကိုတော်စပ်သူ ကိုအောင်စိုးသာက ပြောသည်။

“ဒဏ်ရာက တခန္ဓာလုံး ရသွားတာ။ ဦးခေါင်း၊ ပေါင်နှစ်ဘက်၊ လက်နှစ်ဘက် အားလုံးမှာ ဒဏ်ရာတွေ ရထားတာပါ။ အခု သူ လုံးဝ သတိမရ၊ သတိလစ်နေတယ်။ အခု သူ့ကို ကျောက်တော်ဆေးရုံကို ယူဆောင်လာတာပါ။ မီးဝကနေ ယူဆောင်လာရာမှာ အခု မွန်ထောက်ရွာကို ရောက်နေပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွက် ကျောက်တော်ကို ယူသွားဖို့ အဆင်မပြေဘူး။ လမ်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်နေပါတယ်။ ပြီးတော့ လေယာဉ်တွေနဲ့လည်း ပစ်နေတယ်” ဟု ၎င်းက ပြောသည်။

 လူနာကို မီးဝကျေးရွာမှ ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ရန် ကုန်းလမ်းခရီးဖြင့် သယ်ယူလာစဉ် လေယာဉ် ၄ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် မွန်ထောက်ကျေးရွာသို့  ဝင်ရောက်ပုန်းခိုနေရကြောင်း  ကိုအောင်စိုးသာက ဆက်ပြောသည်။

မီးဝအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်က “ ကျောက်တော်ဆေးရုံကို ပို့ဆောင်ရာမှာ ပစ်ခတ်မှုတွေ ဖြစ်နေတဲ့အတွက် ရေလမ်းခရီးကနေ သွားလာလို့ မရတာကြောင့် ကုန်းလမ်းကနေ လူနာကို ထမ်းပြီး သယ်ယူသွားတာပါ။ အခု တိုက်ပွဲတွေကြောင့် မယူဆောင်နိုင်ဘဲ လမ်းခရီးမှာ ပိတ်မိနေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။ 

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...