ရှမ်းနီအမျိုးသားများတပ်မတော် တပ်စခန်းကို မြန်မာ့တပ်မတော် သွားရောက် တိုက်ခိုက်

ရှမ်းနီအမျိုးသားများတပ်မတော် တပ်စခန်းကို မြန်မာ့တပ်မတော် သွားရောက် တိုက်ခိုက်
ဓာတ်ပုံ - သင်တန်းတစ်ခုတွင် SNA သင်တန်းသားများ ထမင်းစား တန်းစီနေသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ - သင်တန်းတစ်ခုတွင် SNA သင်တန်းသားများ ထမင်းစား တန်းစီနေသည်ကို တွေ့ရစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ကနန်းဒေသ နန်းဇားနှင့် ပေစာကျေးရွာအနီး ရှမ်းနီအမျိုးသားများတပ်မတော်  (SNA) တပ်စခန်းငယ် တစ်ခုကို မတ်လ ၂ ရက်တွင် မြန်မာ့တပ်မတော်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း နန်းဇားကျေးရွာတွင်နေထိုင်သူ ကနန်းတိုင်းရင်းသားတစ်ဦးက ရှမ်းနီအသံ ဂျာနယ်သို့ ပြောကြားသည်။

“မနေ့က ညနေ သုံးနာရီခွဲလောက်မှာ ဒီဘက်ကနေ သွားပစ်တာပါ ။ တစ်ယောက် ခြေထောက်ထိပြီး ဖမ်းမိတယ်။ ဒီမတိုင်ခင်က ရွာထဲကို တစ်ယောက်တည်း လာတဲ့ တစ်ယောက်လည်း ဖမ်းမိတယ်”ဟု ပြောကြားသည်။

တိုက်ပွဲမဖြစ်ပွားမီ နေ့လည်ခင်းအချိန် SNA တပ်ဖွဲ့ဝင် တစ်ဦး ပေတာရွာထဲသို့ သွားရောက်လည်ပတ်စဉ် တပ်မတော် စစ်ကြောင်း၏ ပိတ်ဆို့ ဖမ်းဆီးခြင်းခံရပြီးနောက် ညနေပိုင်းတွင် တပ်မတော် စစ်ကြောင်းသုံးကြောင်းက SNA စခန်းကို သွားရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။

“ပေတာနဲ့ နန်းဇားက သုံးမိုင်လောက် ဝေးတယ်။ အဲဒီ ရွာနှစ်ရွာကြားမှာ ရှမ်းနီစခန်းက ရှိနေတာ။ ရွာနဲ့တော့ သုံးမိုင်လောက်ဝေးတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ် မှန်ကန်ကြောင်းနှင့် အမိန့်နာခံမှု အားနည်းသော အောက်ခြေစစ်သားတစ်ဦးနှင့် တပ်သားသစ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဖမ်းဆီးခံရကြောင်း SNA တပ်မှူးတစ်ဦးက ရှမ်းနီအသံသို့ အတည်ပြုပြောကြားသည်။

ကနန်းတိုင်းရင်းသားများသည် ဗန်းမောက်မြို့နယ်အတွင်း ပင်လည်ဘူးမြို့နယ်အစပ်တွင် စုစည်းနေထိုင်ကြပြီး ရှေးနှစ် ရာပေါင်းများစွာကတည်းက ရှမ်းနီတိုင်းရင်းသားကျေးရွာများနှင့် နီးနီးကပ်ကပ် အတူတကွ နေထိုင်ခဲ့ကြကာ လူမျိုးရေးပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ကြချေ။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...