ရှမ်းနီ ပါတီများ ပူးပေါင်းရေး မတ်လ စတင်ဆွေးနွေးမည်

ရှမ်းနီ ပါတီများ ပူးပေါင်းရေး မတ်လ စတင်ဆွေးနွေးမည်

ပါတီများပူးပေါင်းရေး လာမည့် မတ်လကုန်တွင် စတင် ဆွေးနွေးကြရန် ရှမ်းနီ နှစ်ပါတီ သဘောတူညီမှုရရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် ရှမ်းနီသံဃာတော်များအသင်း အထူးအစည်းအဝေးတွင် သံဃာတော်များ၏ စေ့စပ်ညှိနှိုင်းမှုဖြင့် သဘောတူညီခဲ့ခြင်းဖြစ်သည်။

“အခု ပေါင်းမယ်ဆိုလို့ရင်တောင်မှ ရွေးကောက်ပွဲကော်မရှင်က သူတို့ သတ်မှတ်ထားတဲ့ကာလ ရှိတယ်။ ပါတီတွေ မှတ်ပုံတင်ခြင်းနဲ့ အမည်ပြောင်းတာတွေ ၊ ပူးပေါင်းပြီးတော့ အမည်ပြောင်းတာတွေ၊ သိရသလောက်တော့ အဲဒီကာလက လွန်သွားပြီ” ဟု ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့  နာယက ဦးစံပြည့်က ရှမ်းနီအသံ သတင်းဌာနကို ပြောသည်။

မည်သို့ ပူးပေါင်းမည်ဆိုသည်ကို နှစ်ပါတီလုံးက ထိုအစည်းအဝေးတွင် ပြောဆိုထားခြင်း မရှိပေ။ ပါတီနှစ်ခု ပူးပေါင်းနိုင်ရေးအတွက် တစ်ပါတီလျှင် ငါးဦးပါဝင်သည့် ကော်မတီနှင့် ကြားနေစေ့စပ် ညှိနှိုင်းပေးမည့်သူအဖြစ် ပါတီနှစ်ခုက ယုံကြည်ရသူ ငါးဦးစီ ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

ရှမ်းနီ နှစ်ပါတီ ပူးပေါင်းရေး ဆွေးနွေးမှု ပထမဆုံးအကြိမ်ကို မန္တလေးမြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ရှမ်းနီသံဃာတော်များ၏ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဆွေးနွေးခဲ့ကြသော်လည်း မူအားဖြင့် သဘောတူညီမှုသာ ရရှိခဲ့ပြီးနောက် ပူးပေါင်းရေးလုပ်ငန်းစဉ်များ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ ဗဟိုကော်မတီအစည်းအဝေးတွင် ပါတီပူးပေါင်းရေးကော်မတီကိုဖွဲ့စည်းခဲ့ပြီး လာရောက်ဆွေးနွေးနိုင်ရန် လမ်းဖွင့်ထားကြောင်း ထိုကော်မတီခေါင်းဆောင် ဦးလှသိန်းက ပြောဆိုထားသည်။

ရှမ်းနီ(တိုင်းလြှနျ)အမျိုးသားများသွေးစည်းညီညွတ်ရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပါတီနှစ်ခုပူးပေါင်းရေးကို ဆက်လက်ဆွေးနွေးသွားရမည်ဟု ၎င်းပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြောကြားသည်။

ရှမ်းနီပြည်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက မဲဆန္ဒနယ်တစ်ခုတည်းတွင် ရှမ်းနီ နှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို မလိုလားကြောင်း ပြောဆိုထားကြသည်။

ဓာတ်ပုံ - ရှမ်းနီသံဃာတော်များအစည်းအဝေး မြင်ကွင်း

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...