ABSDF ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖရဲခင်းလုပ်သား ပင်လည်ဘူးနယ်ခံ လေးဦးကို ပြန်လွှတ်ပေးခဲ့

ABSDF ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖရဲခင်းလုပ်သား ပင်လည်ဘူးနယ်ခံ လေးဦးကို ပြန်လွှတ်ပေးခဲ့
ကျောင်းသားတပ်မတော်၏ စစ်ရေးပြအခမ်းအနားမြင်ကွင်း (၂၀၁၃) ဓာတ်ပုံ – လှိုင်ထက်ကို
ကျောင်းသားတပ်မတော်၏ စစ်ရေးပြအခမ်းအနားမြင်ကွင်း (၂၀၁၃) ဓာတ်ပုံ – လှိုင်ထက်ကို

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာနယ်မြေတွင် ပင်လည်ဘူးနယ်မှ ဖရဲခင်းသွားရောက်လုပ်ကိုင်သူ လေးဦးကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့က လိုင်ဇာအနီးရှိ ကျောင်းသားတပ်မတော် တပ်ရင်း(၁၁) မှ လာရောက်ဖမ်းဆီးသွားခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာရေးအတွက် ကူညီပေးသူ ဦီးစိုင်းကျော်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် ပင်လည်ဘူးမြို့နယ် တောပြားကျေးရွာမှ မခင်နှောင်း၊ ပိန္နဲကုန်းနားခါးကျေးရွာမှ မောင်ထွန်းမြိုင်ဦး၊ နောက် မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦးတို့ဖြစ်သည်။

“ရှမ်းရေးရာအဖွဲ့ကိုလည်း ကျွန်တော်ကိုယ်တိုင် သူတို့မိဘနဲ့အတူ ကူညီပေးဖို့ အချက်အလက်တွေ သွားပေးတယ်၊ ပြီးတော့မှ ကိုမျိုးဆွေ အတွင်းရေးမှူးပေါ့လေ၊ သူ့ကိုလည်း အကူအညီ သွားတောင်းတယ်၊ ပြီးတော့မှ စအဖ ရုံးကို သွားပြောတယ်။ သူ့မိဘတွေနဲ့ အကူအညီပေးဖို့ သူတို့ဘက်ကလည်း လေးငါးရက်လောက်စောင့်ပေး၊ ကူညီပေးမယ် ပြောတယ်။ ငါးရက်မြောက်တဲ့ နေ့မှာပဲ ပြန်လာပြီဆိုတဲ့ အကြောင်းကို အကြောင်းကြားခဲ့တယ်” ဟု ဦီးစိုင်းကျော်ဦးက ဆိုသည်။

၎င်းဖမ်းဆီးခံထားရသူများကို ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းတွင် ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ရွာအရောက် တာဝန်ကျ တပ်မတော်မှ အရာရှိနှင့် ဖရဲခင်းပိုင်ရှင် တရုတ်လူမျိုးတို့က လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း၎င်းကဆိုသည်။

ကျောင်းသားတပ်မတော်သည် ကချင်ပြည်နယ်ထဲ၌ လိုင်ဇာအနီးတွင် တပ်ရင်း(၁၁) တစ်ခုတည်းသာ ရှိကြောင်း သိရသည်။

လွတ်မြောက်လာသူများနှင့်လည်း ရှမ်းနီအသံက ဆက်လက် ဆက်သွယ်လျက်ရှိသည်။

April 24, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများဝင်ရောက်နေမှုကို...
ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...