AA စစ်ဦးစီးချုပ်၏ ဇနီးနှင့် မိသားစု ဆွစ်ဇာလန်ကို ထွက်ခွာသွား

AA စစ်ဦးစီးချုပ်၏ ဇနီးနှင့် မိသားစု ဆွစ်ဇာလန်ကို ထွက်ခွာသွား

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး မနှင်းဇာဖြူ (ဇာဇာ) နှင့် သားသမီး နှစ်ဦး တို့သည် ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဆွစ်ဇာလန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် ထွက်ခွာသွားခဲ့သည်ဟု ရခိုင်လူ့အခွင့်အရေး လူပ်ရှားနေသူ ဦးညီညီလွင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူတို့က UNHCR ကမ္ဘာ့ကုလသမဂ္ဂကနေ သူတို့ကို အသိအမှတ်ပြုတယ်။ ပီးတောခါကျတော့ ဆွစ်ဇာလန် နိုင်ငံ အထူးသဖြင့် ဘန်ကောက် ဆွစ်ဇာလန် သံရုံးကပေါနော်။ လူသားချင်းစာနာတဲ့ ထောက်ထားမှု အရပေါ့နော်။ သူတို့က ကလေးတွေ၊ စစ်နဲ့ ဘာမှ မဆိုင်ဘူးပေါ့နော်။ မြန်မာပြည်  ပြန်ရင် အဖမ်းခံရမယ်။ ဒီကလေးတွေမှာ လည်း အနာဂတ်ရှိတယ်။ လူသားချင်းစာနာတဲ့ ရှု့ထောင့်ကနေ လက်ခံသွားခဲ့တာပါ။ သူတို့က ယူအန်ရဲ့   Resettlement အစီအစဉ်နဲ့ ဆွစ်ဇာလန်မှာ ခိုလှုံခွင့်ရသွားတာပါ” ဟု ‌ပြောဆိုသည်။

မနှင်းဇာဖြူ (ဇာဇာ) နှင့် သားသမီး နှစ်ဦး တို့သည် ယနေ့ နေ့လယ် ထိုင်းစံတော်ချိန် ၁ နာရီ ၁၅ မိနစ်က  ဆွစ်လေကြောင်းဖြင့် ဘန်ကောက်လေဆိပ်မှ ထွက်ခွာသွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...