ရခိုင် စစ်ဘေးရှောင်များကို ထိရောက်စွာ အကူအညီပေးရန် ပြည်နယ်အစိုးရကို အမေရိကန်သံရုံး တိုက်တွန်းမည်

ရခိုင် စစ်ဘေးရှောင်များကို ထိရောက်စွာ အကူအညီပေးရန် ပြည်နယ်အစိုးရကို အမေရိကန်သံရုံး တိုက်တွန်းမည်

ချစ်အိလှိုင် — ရခိုင်စစ်ဘေးရှောင်များကို  ထိရောက်သည့်အကူအညီများပေးအပ်ရန် ရခိုင်ပြည်နယ်အစိုးရအား တွေ့ဆုံတိုက်တွန်းသွားမည်ဟု  ရန်ကုန်အမေရိကန်သံရုံး  ဒုတိယအကြီးအကဲဖြစ်သူ Mr.George Neil Sibley က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။  

 ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်အခြေစိုက်အမေရိကန်သံရုံး  ဒုတိယအကြီး အကဲဖြစ်သူ Mr.George Neil Sibley က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှအား ရခိုင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံစဉ် ထိုသို့ ပြောကြား သွားခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

 “သူတို့ အမေရိကန်နိုင်ငံက ICRC တို့၊ WFP တစ်ဆင့် စစ်ဘေးရှောင်တွေအတွက် ကူညီနေတဲ့ အကူအညီတွေ စစ်ဘေးရှောင်စခန်းတွေဆီ ထိထိရောက်ရောက် ရောက်ရှိရဲ့လားဆိုတာကို သူတို့က မေးမြန်းပါတယ်။ နောက်ပြီးတော့ အစိုးရအနေနဲ့  ဒီကူညီ ပေးနေတာတွေနဲ့ ပတ်သက်လို့ ဘာတွေ အခက်ခဲရှိသလဲ ဆိုတာမေးပါတယ်။  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဇော်ဝင်းနဲ့ တွေ့ဖို့ ရှိပါတယ်။ တွေ့တဲ့အခါ သူတို့ဆီကိုတင်ပြပြီးတော့ တိုက်တွန်း ပေးမယ်လို့ ကတိပေးသွားပါတယ်။ ဒီလွှတ်တော်က အကြံပြုပေးတဲ့ကိစ္စကို တင်ပြပေးပါမယ်လို့ ဂတိပြု ပြောဆိုသွားခဲ့ပါတယ်” ဟု ဦးမြသန်းက ပြောဆိုသည်။

 ၎င်းတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊ မြေပုံနှင့် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်ကြသည့် ဦးအောင်ဝင်းနှင့် ဦးအေးသိန်းတို့ လည်း တက်ရောက်ခဲ့ကြသည်။

 “ကျွန်တော်တို့ ရခိုင်ပြည်လွှတ်တော် ဥက္ကဋ္ဌကတော့ စစ်ဘေးရှောင်စခန်းကို ICRC တို့WFPတို့်က လုံလုံလောက်ပေးနေပေမဲ့ အစိုးရဘက်က ကန့်သတ်ထားတဲ့အတွက်ကြောင့် ပေးလို့မရဘဲ  ဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေကို  ပြောပြလိုက်ပါတယ်။  အစိုးရက တဆင့်မှ ခွင့်ပြုချက် တောင်းရတယ်။ အစိုးရအဖွဲနဲ့ တွေ့လို့ရှိရင် ဒီဒုက္ခသည်တွေကို ICRC၊ WFP တို့က ထောက်ပံ့ တာတွေကို လိုလိုလားလားနဲ့ အမြန်ဆုံးထောက်ပံ့ပေးဖို့ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့တိုက်ပွဲဖြစ်ပွားနေသည့် ကာလမှာ ၂ နှစ်နီးပါးရှိလာပြီး စစ်ဘေးရှောင်အရေအတွက် တစ်သိန်းခြောက်ထောင်ကျော် ရှိနေကြောင်း  ရခိုင်မျိုးနွယ်စု အစည်းအရုံး (REC) မှ ဇန်နဝါရီ ၂၆ ရက်နေ့မှ ထုတ်ပြန်ထားသည်။

 ရခိုင်စစ်ဘေးရှောင် ပြည်သူများအနေဖြင့် အစိုးရထံမှ  ထောက်ပံ့ ကူညီသည့် ရိက္ခာများ လုံလုံ လောက်လောက် မရရှိသည့်အပြင် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများနှင့် အလှူရှင်များ၏ အကူအညီများ အပေါ်တွင်လည်း  တားမြစ်ကန့်သတ်မှုများလည်း ရှိနေသဖြင့် ၎င်းလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...