ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးကို RCSS/SSA က အစိုးရထံ လွှဲပြောင်း

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးကို RCSS/SSA က အစိုးရထံ လွှဲပြောင်း
Photo by SHAN/ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ အပ်နှင်းနေသည့် ပုံ
Photo by SHAN/ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ အပ်နှင်းနေသည့် ပုံ

Nang Seng Nom — သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)က ၎င်းတို့ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးများကို တပ်မတော်နှင့် အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၄ရက် နံနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ကျောက်မဲနှင့် မိုင်းလုံ ကားလမ်း၊ လွယ်ကုန်ကျေးရွာအနီးတွင် ဘိန်းဖြူ (၃၃၀) ဂရမ်နှင့် အမျိုးသား ၄ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း (RCSS/SSA) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို ဖမ်းဆီးရမိသည့် ဘိန်းဖြူ နှင့် အမျိုးသား(၄) ဦး လွှဲပြောင်းမှုကို ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စုတွင် လွှဲပြောင်းပေးခဲ့သည်။

RCSS/SSA အနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို မြန်မာ့တပ်မတော်နှင့် အစိုးရထံ အပ်နှင်းခြင်း တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

RCSS/SSA သည် ၂၀၁၉ ခုနှစ် မေ ၈ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် တစ်ကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကျပ်သိန်း ( ၄၂၅၆ ) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာတွင် တစ်ကြိမ် တပ်မတော်နှင့် အစိုးရထံ အပ်နှင်းခဲ့သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...