ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါသည့် ရဟတ်ယာဉ် ဘူးသီးတောင်သို့ အသွားတွင် တိုက်ခိုက်ခံရ

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါသည့် ရဟတ်ယာဉ် ဘူးသီးတောင်သို့ အသွားတွင် တိုက်ခိုက်ခံရ

ချစ်အိလှိုင် — လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ စီးနင်း လိုက်ပါလာသည့်  ရဟတ်ယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်အကြားတွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်း ရရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်  နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် က ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ် ထိုသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

 “၉ နာရီကနေ ၁၀ နာရီ ၄၅ လောက်မှာ ကျနော်တို့ဒီ စစ်တွေကနေ ဘူးသီးတောင်ကို သွားတဲ့ ခရီးစဉ်မှာ အောက်ကနေ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ ရဟတ်ယာဉ် ဝမ်းဗိုက်ကိုတော့ ၂ ချက်ထိပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိပါ။ ဘူးသီးတောင်ကိုတော့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ် ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

 ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်ကနေ စစ်တွေသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အားလုံး အန္တရာယ်ကင်းကင်း ပြန်လည်ရောက်ရှိလာကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်ပြောသည်။

 “ဘယ်သူတွေကပစ်တာလဲဆိုတော့ ကျနော်တို့ အဲဒီမှာရွာထဲက ပစ်တယ်လို့ပဲ သိရပါတယ်။ အဲဒီမှာ တပ်ရဟတ်ယာဉ် ပစ်တာဆိုလို့ အေအေလည်း ဖြစ်နိုင်ပါတယ်ဗျ။ အဲဒီမှာတော့ ရွာကိုတော့ အတိအကျမသိဘူး။ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားထဲကပါ” ဟု ၎င်းကပြောသည်။

 ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခထံသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့်ထိုသတင်း မသိရသေးကြောင်း ပြန်လည်ဖြေကြားသည်။

 “စစ်ဖြစ်နေတဲ့နေရာမှာ ကျနော်တို့ တပ်ဖွဲ့တွေက မြန်မာစစ်တပ် ဆီမှာနေ့တိုင်းနေပြီးတော့ ဒီရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံနေရတာရှိတယ်။ ဂျက်ဖိုင်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံနေရတာတွေ ရှိတယ်၊ ဆိုတော့ အဲဒါကြောင့်မို့လို့ စစ်ဖြစ်နေတဲ့နေရာမှာ သူတို့ တည့်တည့် ဒီအပေါ်က နေပြီးတော့ ဖြတ်ပြီး ပျံလို့ရှိရင်တော့ လိုက်ပစ်တာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့နော်။ ဒါပေမဲ့ ဒီနေ့ အဲဒီဖြစ်စဉ်မှာ ပစ်ခတ်မှုရှိ/မရှိ ကျနော်တို့ဘက်က ပစ်တာဟုတ်/မဟုတ်ဆိုတာကိုတော့ ကျနော်အသေအချာပြန်မေးပြီးမှပဲ ပြောလို့ရမယ့် ကိစ္စဖြစ်တယ်ဗျ။ လောလော ဆယ်တော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော့်ဆီကို ဘာသတင်းမှ ရောက်လာတာ မရှိသေးဘူး” ဟု ဦးခိုင်သုခက ပြောသည်။

ယင်းခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ဘူးသီးတောင်တွင် တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သွားရောက်တွေ့ဆုံသည့် ခရီးစဉ်ဖြစ်ကြောင်း  သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...