ကချင်မျိုးနွယ်စုကြား အချင်းချင်း ဆက်သွယ်ရာတွင် အခြားသော ဘာသာစကား မသုံးစွဲရန် KIO ဥက္ကဋ္ဌ ပြော

ကချင်မျိုးနွယ်စုကြား အချင်းချင်း ဆက်သွယ်ရာတွင် အခြားသော ဘာသာစကား မသုံးစွဲရန် KIO ဥက္ကဋ္ဌ ပြော
လိုင်ဇာတွင်ပြုလုပ်သော ၆၀ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့
လိုင်ဇာတွင်ပြုလုပ်သော ၆၀ ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့

ကချင်မျိုးနွယ်စုများကြား အချင်းချင်း ဆက်သွယ်ပြောဆိုရာ၌ တပါးအမျိုးသား ဘာသာစကားကို အသုံးမပြုရန် ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့တွင် KIO ဗဟိုကော်မတီ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောဆိုခဲ့သည်။

၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ (၅၉) နှစ်ပြည့်အခမ်းအနား လိုင်ဇာမြို့တွင် ပြုလုပ်ချိန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကချင်မျိုးနွယ်စုများကြား ပြည်နယ် အမည်နာမနှင့်ပတ်သက်ပြီး အငြင်းပွားမှုကြောင့် လွန်ခဲ့သည့် (၇၂)နှစ်ပြည့် ကချင်ပြည်နယ်နေ့ကိုပင် ဖျက်သိမ်းခဲ့ရသည်။

ထို့ကြောင့် ကချင်အမျိုးသားသီးခြား လွတ်လပ်ရေးဆိုသည့်ပန်းတိုင်ဖြင့်ဝေးကွာနေပြီး လက်ရှိပိုင်ဆိုင်ထားသော ‘ကချင်ပြည်နယ်’ ကချင်လို ‘Jinghpaw Mung’ ဟူသောနာမည်ကိုပင် လက်လွတ်ရမည်လား သို့မဟုတ် တပါးအမျိုးသားများ ထပ်မံမှည့်ပေးသော နာမည်ကိုသာ ယူရမည်လား ဆိုသည့် အခြေအနေ မဖြစ်အောင် စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။

လွတ်လပ်ရေးကို ဗမာနှင့်အတူ မယူဘဲ သီးခြားနောက်ကျမှ စောင့်ယူရန် ဗြိတိသျှအစိုးရတို့ ကမ်းလှမ်းခဲ့သော်လည်း စိတ်ရှည်သည်းခံမှု နည်းပါးခဲ့သည့် ခေါင်းဆောင်တို့ ဆုံးဖြတ်ချက်ကြောင့် ယနေ့အဖြစ် ကြုံရသည်ကို ပညာယူပြီး လက်ရှိနိုင်ငံရေးအခြေအနေကို စိတ်ရှည်စွာဖြင့် စောင့်ကြည့်ရန် ပြောဆိုခဲ့သည်။

၂၀၁၁ ခုနှစ် လူထုတစ်ပိုင်း အစိုးရတက်လာချိန် ကချင်ဒေသ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး ငြိမ်းချမ်းရေးလုပ်ငန်းကိုလည်း အခြားသော တိုင်းရင်းသားလူမျိုးများနည်းတူ ပြုလုပ်ခဲ့သည်။ သို့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA နှင့် အနှစ်သာရ ပြည့်စုံမှုမရှိဘဲ အလုပ်မဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း KIO သည် ငြိမ်းချမ်းရေးပြုလုပ်နိုင်ရန် ပစ်ခတ်တိုက်ခိုက်မှုများကို အမြဲရပ်စဲထားကြောင်း ပြောဆိုခဲ့သည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...