ကချင်တော်လှန်ရေးနေ့ အစီအစဉ် ပါဝင်သူ နှစ်ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

ကချင်တော်လှန်ရေးနေ့ အစီအစဉ် ပါဝင်သူ နှစ်ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

မြစ်ကြီးနား ဂျော်ဘွမ် ဆုတောင်းတောင်တွင် ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ပါဝင်သူ နှစ်ဦး လက်ရှိ ရဲစခန်းတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ မြစ်ကြီးနားဇုံနယ် လူငယ်ဌာန တာဝန်ခံ ဆရာ Sumlut Tu Htang နှင့် KBC ၏ ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ ဆရာ Bima Dau Lum တို့ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်တွင် ရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးနေပြီး မည်သည့်အကြောင်းရင်းကြောင့် စစ်ဆေးနေသည်ကို မသိရသေးပေ။

လူထု လေးထောင်ခန့်ပါဝင်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲကို ဂျော်ဘွမ်တောင်ခြေတွင် ပြုလုပ်ခဲ့သည်။ ညပိုင်းအစီအစဉ်အဖြစ် ဂျော်ဘွမ်ဆုတောင်းတောင် ပြင်ဆင်ရေး ရံပုံငွေရှာ တေးဂီတအစီအစဉ်ပြုလုပ်နေစဉ် တပ်မတော်နှင့် ရဲဌာန တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ပြီးနောက်  ဖေဖော်ဝါရီ ၆ ရက်  နံနက်ပိုင်း ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း မျက်မြင်များက ပြောပြသည်။

ထို့နောက် နေ့လည်ပိုင်းတွင် တဖန် ပြန်ရောက်လာပြီး ယမန်နေ့ည ဂျော်ဘွမ်ဆုတောင်းတောင် ရံပုံငွေရှာတေးဂီတအစီအစဉ်တွင် တာဝန်ရှိ/ခံဖြစ်သော ဆရာ Sumlut Tu Htang နှင့် ဆရာ Byima Dau Lum တို့ကို ခေါ်ဆောင်ကာ လက်ရှိ အမှတ် ၁ ရဲစခန်းတွင် စစ်ဆေးနေကြောင်း ကနဦး သိရသည်။

(နောက်ဆက်တွဲ သတင်းများကို ထပ်မံ တင်ပြပါမည်။)

June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...