ကချင်တော်လှန်ရေးနေ့ အစီအစဉ် ပါဝင်သူ နှစ်ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

ကချင်တော်လှန်ရေးနေ့ အစီအစဉ် ပါဝင်သူ နှစ်ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

မြစ်ကြီးနား ဂျော်ဘွမ် ဆုတောင်းတောင်တွင် ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ပါဝင်သူ နှစ်ဦး လက်ရှိ ရဲစခန်းတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ မြစ်ကြီးနားဇုံနယ် လူငယ်ဌာန တာဝန်ခံ ဆရာ Sumlut Tu Htang နှင့် KBC ၏ ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ ဆရာ Bima Dau Lum တို့ကို ဖေဖော်ဝါရီ ၆ ရက် နေ့လည်တွင် ရဲစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးနေပြီး မည်သည့်အကြောင်းရင်းကြောင့် စစ်ဆေးနေသည်ကို မသိရသေးပေ။

လူထု လေးထောင်ခန့်ပါဝင်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲကို ဂျော်ဘွမ်တောင်ခြေတွင် ပြုလုပ်ခဲ့သည်။ ညပိုင်းအစီအစဉ်အဖြစ် ဂျော်ဘွမ်ဆုတောင်းတောင် ပြင်ဆင်ရေး ရံပုံငွေရှာ တေးဂီတအစီအစဉ်ပြုလုပ်နေစဉ် တပ်မတော်နှင့် ရဲဌာန တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ပြီးနောက်  ဖေဖော်ဝါရီ ၆ ရက်  နံနက်ပိုင်း ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း မျက်မြင်များက ပြောပြသည်။

ထို့နောက် နေ့လည်ပိုင်းတွင် တဖန် ပြန်ရောက်လာပြီး ယမန်နေ့ည ဂျော်ဘွမ်ဆုတောင်းတောင် ရံပုံငွေရှာတေးဂီတအစီအစဉ်တွင် တာဝန်ရှိ/ခံဖြစ်သော ဆရာ Sumlut Tu Htang နှင့် ဆရာ Byima Dau Lum တို့ကို ခေါ်ဆောင်ကာ လက်ရှိ အမှတ် ၁ ရဲစခန်းတွင် စစ်ဆေးနေကြောင်း ကနဦး သိရသည်။

(နောက်ဆက်တွဲ သတင်းများကို ထပ်မံ တင်ပြပါမည်။)

မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတဲ့မြင်ကွင်း
January 31, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့အထင်ကရဖြစ်တဲ့ ဗလမင်းထင်တံတားကြီးအောက်မှာ...
January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...