ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အဓိကပါဝင်ကူညီခဲ့

ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အဓိကပါဝင်ကူညီခဲ့

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် Zoramthanga သည်  AA အဖွဲ့က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD အမတ် ဦးဝှေ့ တင်းလွတ်မြောက်ရေးကြိုးပမ်းသည့်ကိစ္စတွင် ၎င်းက အဓိကပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။

မြန်မာအစိုးရက Zoramthanga အား AA အခြေစိုက်စခန်းကို ဆက်သွယ်ပေးရန်နှင့် ဖမ်းဆီးခံ NLD အမတ်ကို ပြန်လွတ်အောင်ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း သီးသန့်အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

 နောက်ဆုံး AA အဖွဲ့က ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ၇၉ ရက်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

“မြန်မာအစိုးရက သူ့ကို အသက်ရှင်လျက်ပြန်တွေ့ရမယ်လို့ မျှော်လင့်မထားဘူး၊ ကျွန်တော့်ကို အကူအညီတောင်းလို့ AA က မိတ်ဆွေတွေဆီ ဆက်သွယ်ကြည့်တော့ သူတို့က ကျွန်တော့်တောင်းဆိုချက်ကို လက်ခံခဲ့ကြပါတယ်” ဟု Zoramthanga ဆိုသည်။  

Zoramthanga သည် ယခုလစောပိုင်းက AA တွေရှိတဲ့စခန်းကို တမန်တစ်ယောက် စေလွှတ်ခဲ့ကာ ဦးဝှေ့တင်းကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း အိန္ဒိယစုံစမ်းစစ်ဆေးရေးရင်းမြစ်တစ်ခုအရသိရသည်။

မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်သည်  ဒေလီအစိုးရ၏ညွှန်ကြားချက်အရ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း ပြီးမြောက်ရေးအတွက် ဆောင်ရွက်ရန် လုပ်ဆောင်နေသူဖြစ်သည်။

လက်ရှိအိန္ဒိယကွန်ထရက်တာနှင့် AA တို့သည် သဘောထားကွဲလွဲနေသည့်အတွက် စီမံကိန်းကို အပြီးမသတ်နိုင်ကြောင်း Zoramthanga ကပြောသည်။ ထို့ကြောင့် Zoramthanga သည် ကွန်ထရက်တာပြောင်းရန် နိုင်ငံခြား ရေးဝန်ကြီးဌာနနှင့် အသေးစိတ် ဆွေးနွေးခဲ့ပြီး သူ၏အဆိုပြုချက်ကို ဝန်ကြီးဌာနဘက်မှ လက်ခံခဲ့သည်ဟု ဆိုသည်။ ကွန်ထရက်တာအသစ်ရွေးပြီးနောက် AA နှင့်ညှိနှိုင်း၍ ရခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည်နှစ်က မြန်မာဘက်ကတောင်းဆိုချက်အရ အိန္ဒိယစစ်တပ်သည် မီဇိုရမ် ပြည်နယ်တောင်ပိုင်းရှိ AA စစ်အခြေစိုက်စခန်းများကို စစ်ဆင်ရေးလုပ်ခဲ့သည်။

ထိုအချိန်ကစပြီး AA သည် အိန္ဒိယ၏ ကုလားတန်မြစ်စီမံကိန်းအတွက် လုပ်ဆောင်ပေးနေသူများအား ပစ်မှတ်ထားလာခြင်းပင်ဖြစ်သည်။

Zoramthanga သည် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒုတိသက်တမ်း တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ၎င်း၏ Mizo National Front ပါတီသည် နှစ် ၂၀ ကြာမျှ အိန္ဒိယအစိုးရကို ဆန့်ကျင်ခဲ့ကာ   နယူးဒေလီနှင့် သဘောတူ ညီချက်ရပြီး ၁၉၈၆ ခုနှစ်တွင်မှ ပုံမှန်နိုင်ငံရေးလောကထဲ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် / Crd
September 21, 2026
မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း...
September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...