ကျောင်းဆရာမအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ဝင်ကို တရားရေးဌာနမှ စစ်ဆေးနေဟု TNLA ပြော

ကျောင်းဆရာမအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ဝင်ကို တရားရေးဌာနမှ စစ်ဆေးနေဟု TNLA ပြော

စိုးသူအောင် — ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာတွင် မူလတန်းဆရာမ လွေးမြမွှေးအောင်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ဝင်ကို TNLA တရားရေးဌာနမှ အသေးစိတ် စစ်ဆေးနေသည်ဟု ဗိုလ်မှူးတာအိုက်ကျော်က မဇ္ဈိမသို့ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှု ကျူးလွန်ခဲ့သူမှာ TNLA တွင် ဗိုလ်အဆင့်ရှိသူတစ်ဦးဖြစ်သည့် မိုင်းဖိုးစိန် အသက်(၂၆)နှစ်ဖြစ်ပြီး တအာင်းပြည်လွတ်မြောက်ရေးတပ်(PSLF/TNLA)မှ ဖမ်းဆီးစစ်ဆေးနေသည် ဟုလည်း ထုတ်ပြန်ခဲ့သည်။

“စစ်ဆေးချိန်ကာလကတော့ အသေးစိတ် မသိနိုင်ဘူးဗျ။ အမြန်ဆုံးကတော့ ဆောင်ရွက်နေတုန်းဖြစ်တယ်” ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

အသတ်ခံရသူ မူလတန်းဆရာမ လွေးမြမွှေးအောင်နှင့် ပစ်မှုကျူးလွန်သူ မိုင်းဖိုးစိန် တို့နှစ်ဦးမှာ လူငယ်သဘာဝ ရည်ငံနေကြသူများဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း  အသေးစိတ်ကို စစ်ဆေးပြီးမှသာ ထုတ်ပြန်ပေးမည် ဟုလည်း ၎င်းကဆိုသည်။

မူလတန်းပြဆရာမ လွေးမြမွှေးအောင်အတွက် တရားမျှတမှုနှင့် ထိရောက်စွာ အပြစ်ပေးအရေးယူမှုရရှိအောင် ဆောင်ရွက်ပေးရန် မိသားစုဝင်များမှလည်း တောင်းဆိုထားသည်။

ထို့အပြင် တအာင်းပြည်လွတ်မြောက်ရေးတပ်၏ တရားစီရင်ရေးဌာနမှ တရားဥပဒေအရ အများပြည်သူ များရှေ့မှောက်တွင် တရားစီရင်ပြီးပါက ပြည်သူလူထုထံသို့ ချပြသွားမည်ဖြစ်ကြောင်းလည်း TNLA ဘက်မှ ပြောဆိုထားသည်။

ဖြစ်စဉ်မှာ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ဟွေခုတ်ကျေးရွာရှိ ဆရာမလွေးမြမွှေးအောင်၏ နေအိမ်တွင် ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...