တပ်မတော်သား တပ်ကြပ် နှစ်ဦးကို AA ပြန်လွှတ်ပေးလိုက်ပြီ

တပ်မတော်သား တပ်ကြပ် နှစ်ဦးကို AA ပြန်လွှတ်ပေးလိုက်ပြီ

ခိုင်လူလှ (ရိုးမမြေ) — ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားသည့် တပ်မတော်မှ တပ်ကြပ်အဆင့်ရှိသူ နှစ်ဦးကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်က ပလက်ဝမြို့နယ်တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြောခွင့်ရသူ ဦးခိုင်သုခက “ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ပလက်ဝမြို့နယ် ကင်းသလင်းကျေးရွာက လူကြီးတွေရဲ့ လက်ထဲကို မြန်မာစစ်တပ်က ကျနော်တို့ ဖမ်းထားတဲ့ သုံ့ပန်း နှစ်ဦးကို ကောင်းမွန်စွာလွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ အသက်အရွယ် ကြီးပြီး ကျန်းမာရေး မကောင်းတဲ့ အတွက် ပြန်လွှတ်ပေးလိုက်တာပါ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

လွှတ်ပေးလိုက်သူ နှစ်ဦးမှာ တပ်ကြပ် ဦးမောင်ထွေး (ကိုယ်ပိုင်နံပတ်- တ/ ၉၂၁၅၀၄) အသက် (၄၉) နှစ် နှင့် တပ်ကြပ် ဦးဇော်ဇော် (ကိုယ်ပိုင်နံပတ် တ ၂၆၀၀၆၂ ) အသက် (၅၃) နှစ်တို့ ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။

၎င်းတို့ ၁၃ ဦး အဖွဲ့ တွင် ၁၁ ဦးသာ AA ၏ လက်ထဲတွင် ကျန်ရှိတော့သည်ဟု ဆိုသည်။  

၎င်းတပ်မတော်သား ၁၃ ဦးမှာ နိုဝင်ဘာ ၁၉ ရက်က ပလက်ဝမြို့နယ် ပကာဝရွာ၏  အနောက်တောင်ဘက် ၃ ကီလိုမီတာခွဲ အကွာ၊ ကာရာမချောင်း အနောက်ဘက်တောင်တန်း၌ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သူများ ဖြစ်ပြီး တပ်မ ၇၇ လက်အောက်ခံ ခမရ (၃၁၃) တပ်ရင်းမှ စစ်သားများ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ၂၀၁၉ ခုနှစ် အတွင်း ဖမ်းဆီးထားသူများကို ငါးကြိမ်တိတိ လွှတ်ပေးခဲ့ပြီး အရေအတွက်အားဖြင့် ၆၆ ဦးရှိကြောင်း သိရသည်။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...