ကျောက်တော်တွင် ဘော်ဒါဆောင်ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်သူ ဖမ်းဆီးခံရ

ကျောက်တော်တွင် ဘော်ဒါဆောင်ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်သူ ဖမ်းဆီးခံရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စာဖတ်ဝိုင်းဘော်ဒါဆောင်၌ တိုင်းရင်းသူ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု စွဲချက်ဖြင့် အသက် ၅၀ အရွယ် လူတစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။

၎င်းမှာ ကျောက်တော်မြို့ စရဖ ရုံးအနီး(Adape) ဘော်ဒါဆောင်၏ အဆောင်မှူး မြိုတိုင်းရင်းသား ဦးတက်တိုး(၅၀)နှစ် ဖြစ်ကြောင်း ဒုစခန်းမှူး မျိုးမြင့်က အတည်ပြု ပြောကြားသည်။

“အမှုဖွင့်ထားတာတော့ရှိတယ်ဗျ။ ကြေးနန်းတွေဘာတွေတော့တင်ထားပြီးသား အမှုဖွင့်ထားတာတော့ မှန်တယ်ဗျ။” ဟု ဒုစခန်းမှူး မျိုးမြင့် က ပြောသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခံရသူ မှာ ပလက်ဝမြို့နယ်မှ အသက် ၁၇ နှစ် အရွယ် ဆယ်တန်းကျောင်းတက်နေသည့် မြို့တိုင်းရင်းသူတစ်ဦးဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ ညဉ့် အာရုံတက်ချိန် ၅ နာရီခန့်တွင် ၎င်းကျောင်းသူအား အခန်းထဲသို့ ဝင်ရောက်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း နိရဉ္စရာသို့ ဆက်လက် ပြောသည်။

ကျောက်တော်မြို့ခံတစ်ဦးက “ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက် စရဖ ရုံးအနီး(Adape) ဆိုတဲ့ စာဖတ်ဝိုင်း တစ်ခုရှိပါတယ်။ ကျား/မ သီးသန့်အဆင့်မြင့် ဘော်ဒါဆောင်ပါ။ အဲဒီမှာဖြစ်တာလို့သိရပါတယ်” ဟု ပြောသည်။

အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည့် အဆောင်မှုအား ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ရေးယူရန် ဆောင်ရွက်လျှက် ရှိသည်ဟု ကြားသိရကြောင်း အဆိုပါ မြို့ခံက ပြောသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...