နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံများ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ တင်ပြခွင့် မရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံများ တွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ တင်ပြခွင့် မရ
Daw Aung San Su Kyi Meetin Public in Pinlaebue Township
Daw Aung San Su Kyi Meetin Public in Pinlaebue Township

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ၌ ဒေသခံများမှ ဆွေးနွေးတင်ပြခွင့် မရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပင်လည်ဘူးမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ။

“သူတို့ထဲမှာ စကားပြောခွင့် ရတာတောင်မှ ထိထိရောက်ရောက် အကောင်အထည် မပေါ်ခဲ့သေးတာတွေလည်း ရှိသေးတယ်လေ။ ခုက ဘာမှ စကားပြောခွင့်တောင် မရဘူး”ဟု ပင်လည်ဘူး ရှမ်းစာပေနှင့် ယဉ်ကျေးမှု ဒုဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒေသခံများမှ ဆွေးနွေးတင်ပြမှုများ ပြုလုပ်လိုသော်လည်း ကျောင်းသားလူငယ်လေးဦးသာ လမ်းပန်းဆက်သွယ်ရေး၊ မူးယစ်ဆေးဝါး၊ အမှိုက်များကင်းရှင်းနိုင်ရေး စသည့် လိုအပ်ချက်၊ အခက်အခဲများကို ဆွေးနွေးတင်ပြခွင့်ရရှိပြီး အခြား မည်သူမှ ဆွေးနွေးတင်ပြခွင့် မရရှိခဲ့ကြောင်း တက်ရောက်ခဲ့သူ ပင်လည်ဘူးမြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဇော်ဇော်က ပြောသည်။

“ခုတွေ့ဆုံပွဲမှာ ပြောရရင်တော့ ၂၀၂၀အတွက် မဲလာဆွယ်တာလို့ပဲ မြင်တာ၊ ကျန်တာ ထူးထူးထွေထွေတော့ မရှိပါဘူး”ဟု ၎င်းကဆက်ပြောသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုအပ်ပြီး ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းများ မကောင်းမွန်သေးကြောင်း စသည်များ ပြောကြားသွားကြောင်း ၎င်းကဆက်ပြောသည်။

ထိုတွေ့ဆုံပွဲကို ပင်လည်ဘူးမြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ ၊ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ၊ ကတူးရိုးရာအဖွဲ့များ ၊ ဒေသခံများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...