နောင်ချိုတွင် ထိန်းချုပ်ဓာတု ကျပ်သိန်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

နောင်ချိုတွင် ထိန်းချုပ်ဓာတု ကျပ်သိန်း ၂၄၀၀ ကျော် ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်း ကျပ်သိန်း ၂၄၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ် ဓာတု ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာဒီဇင်ဘာ ၁၀ရက် ည ၅နာရီခွဲတွင် မန္တလေး-နောင်ချို ပြည်ထောင်စုလမ်းပေါ် ရှိ နောင်ချိုမြို့နယ် ခြေမြစ်ပင်ကျေးရွာ ၌ ရပ်ထားသည့် ၁၈ ဘီး မသင်္ကာသဖြင့် သွားရောက်စစ်ဆေးရာ ထိန်းချုပ်ဓာတု ဟိုက်ဒရိုကလိုရစ် အက်ဆစ် ၁၆၂၀၀ လီတာ ( ကာလပေါက်ဈေး ကျပ်သိန်း ၂၄၃၀) သိမ်းဆည်းရမိကြောင်း မူယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်ပြီး ထိန်းချုပ်ဓာတု ဟိုက်ဒရိုကလိုရစ် အက်ဆစ် သယ်ဆောင်လာသည့် ကားကို စစ်ဆေးရာ ယာဉ်ပေါ် တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ သီဟအောင် ဖြစ်ကြောင်းသိရှိရပြီး၊ ယာဉ်မောင်း မှာ လွှတ်မြောက်နေကြောင်း မူးယစ်ရဲတပ်ဖွဲ့ ကပြောကြားသည်။

ထို သိမ်းဆည်းရမိသည့် ထိန်းချုပ်ဓာတု နှင့် ပတ်သက်ပြီး နောင်ချို မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး၊ ထိန်းချုပ် ဓာတု ပစ္စည်းများ၏ ပိုင်ရှင် ဖြစ်သူကို ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း လည်း မူးယစ်ရဲတပ်ဖွဲ့ က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို ထိန်းချုပ်ဓာတုပစ္စည်းများသည် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းများဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...