၂၀၂၀ တွင် မည်သည့် ပါတီများနှင့်မှ မပူးပေါင်းဘဲ ရွေးကောက်ပွဲဝင်သွားမည်ဟု KNDP ဥက္ကဌပြော

၂၀၂၀ တွင် မည်သည့် ပါတီများနှင့်မှ မပူးပေါင်းဘဲ ရွေးကောက်ပွဲဝင်သွားမည်ဟု KNDP ဥက္ကဌပြော
၂၀၂၀ တွင် မည်သည့် ပါတီများနှင့်မှ မပူးပေါင်းဘဲ ရွေးကောက်ပွဲဝင်သွားမည်ဟု KNDP ဥက္ကဌပြော ၊ Photo_KIC
၂၀၂၀ တွင် မည်သည့် ပါတီများနှင့်မှ မပူးပေါင်းဘဲ ရွေးကောက်ပွဲဝင်သွားမည်ဟု KNDP ဥက္ကဌပြော ၊ Photo_KIC

၂၀၂၀ ခုနှစ်တွင် ပြုလုပ်သွားမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မည်သည့် ပါတီများနှင့်မှ မပူးပေါင်းဘဲ ရွေးကောက်ပွဲဝင်သွားမည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဌ မန်းအောင် ပြည်စိုးက ပြောဆိုလိုက်သည်။

လတ်တလောတွင် KNDP အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP တို့ပါဝင်သော အင်အား စုပါတီအစုအဖွဲ့နှင့် ပူးပေါင်းမည်ဟု သတင်းထွက်ပေါ်နေသည့်အပေါ် မန်းအောင်ပြည်စိုးက ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်)တွင် ကေအိုင်စီသို့ ယခုလိုပြောသည်။

“သွားပုပ်လေလွင့်ပြောချင်တဲ့သူတွေကတော့ USDPနဲ့ ပေါင်းလိုက်ပြီး ဘာပြီး၊ ညာပြီး။ အမှန်တော့ လုံးဝ မဟုတ်ဘူး ဆိုတာတော့ အတိအလင်းပြောချင်တယ်။ အခြေခံမူဝါဒထဲမှာ မူဝါဒချင်းတူညီသော တိုင်းရင်းသား ပါတီများနဲ့သာ ပေါင်းမယ်ဆိုပြီးတော့ပါတယ်။ အကြမ်းဖျဉ်းကတော့ ဒီ ၂၀၂၀(ရွေးကောက်ပွဲ) မပြီးမချင်း တို့က ဘယ် ပါတီနဲ့မှ မပေါင်းဘူး။ ၂၀၂၀ ပြီးရင်တောင် စဉ်းစားမယ်။ ပေါင်းမယ်လို့မဟုတ်ဘူး” ဟု ပြောသည်။

ထို့အပြင် KNDP ပါတီထဲမှ အချို့သော ပါတီဝင်များက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP ပါဝင် သော အစုအဖွဲ့သို့ သွားချင်သော်လည်း ပါတီဝင်အများစုက မသွားချင်သည့်အတွက် ယခုကိစ္စအား ၂၀၂၀ ခုနှစ် အလွန်မှ စဉ်းစားမည်ဖြစ်ကြောင်း မန်းအောင်ပြည်စိုးက ထပ်လောင်းပြောကြားသည်။

လက်ရှိတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကရင်ပါတီ ၄ ပါတီရှိနေပြီး မဲဆန္ဒနယ် တစ်နေရာ တွင် ကရင်ပါတီ ကိုယ်စားလှယ်တစ်ဦးထဲမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေ ကြောင်းလည်း ကရင်ပါတီတာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက် KNDP နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန် အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ(KNP)ဟူ၍ ကရင်ပါတီ ၄ ပါတီ ကျန်ရှိနေသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...