ပျဉ်းမနားတွင် ကရင်ဖြူရွာ ၇၆ ရွာစုပေါင်းပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်မည်

ပျဉ်းမနားတွင် ကရင်ဖြူရွာ ၇၆ ရွာစုပေါင်းပြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်မည်

နေပြည်တော်ကောင်စီနယ်မြေအတွင်း နေထိုင်ကြသည့် ကရင်ဖြူတို့ကျင်းပမည့် ၆ ကြိမ်မြောက် ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော်ကို ကရင်ဖြူ ကျေးရွာအုပ်စု ၁၇ အုပ်စုမှ ကျေးရွာပေါင်း ၇၆ ရွာစုပေါင်းပြီး ယခုနှစ်ပျဉ်း မနားမြို့နယ်၊ မဲပေါက်အုပ်စု၊ ဂမုန်းတောင်ကျေးရွာတွင် ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

ယခင်က ကရင်ဖြူတို့နေထိုင်ရာ ဒေသအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကျင်းပမှုမရှိလောက် နည်းပါးခဲ့ရာမှ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်ကာ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ပြန်လည်ကျင်းပပြုလုပ်လာခြင်းလည်း ဖြစ်သည်။

ကရင်ဖြူရေးရာ ကော်မတီ ဥက္ကဌ စောစိုးနိုင်က“ အရင်က ကျနော်တို့မလုပ်ရဲဘူး၊ လုပ်ရင် အဖမ်းခံရမှာစိုးလို့။ အခုက ဒီမိုကရေစီခေတ်မို့ လုပ်လို့ရလို့လုပ်ရဲတာ။ နောက်ပြီး အခုကျင်းပတာကရင်ဖြူတွေပြန့်နှံ့နေထိုင်တဲ့ ကရင်ဖြူကျေးရွာအုပ်စုတွေ အားလုံးစုပြီး လုပ်တာဖြစ်တယ်။ ဒီချိန်မှ နိုင်ငံတော်အစိုးရတွေ၊ လူတွေသိလာလို့ နည်းနည်းကျယ်ပြန့်လာတာ” ဟုကေအိုင်စီသို့ပြောသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ၂၀၁၄ ခုနှစ်တွင် ကရင်ဖြူတို့ အခက်အခဲများကြားမှ ကိုယ်ထူကိုယ် ထစနစ်ဖြင့် ပထမအကြိမ်ပြန်လည် စတင်ကျင်းပနိုင်ခဲ့သော်လည်း ယနေ့အထိ ထိုသို့ကျင်းပနိုင်ရန်အတွက် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စောစိုးနိုင်က ဆက်လက်ပြောဆိုသည်။

ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့ တွင် ကျရောက်သည့် ယခုနှစ်ကရင်အမျိုး သားနှစ်သစ် ကူးပွဲတော်၊ ၆ ကြိမ်မြောက်ကျင်းပမည့် ကရင်ဖြူဒေသ ကရင်အမျိုးသားနှစ်သစ်ကူးကို ကရင်ဖြူရေးရာ ကော်မ တီမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်လည်း ဖြစ်သည်။

ထိုသို့ကျင်းပရာတွင် ဖျော်ဖြေရေး အစီအစဉ်များ၊ အားကစားပြိုင်ပွဲများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲထူး ချွန်သူများအား ဆုချီးမြှင့်ခြင်း အစီအစဉ်များ ထည့်သွင်းဖြင့်ကျင်းပသွားမည်ဖြစ်ပြီးအစိုးရအကြီးအကဲများ၊ ဌာနဆိုင်ရာများ ကရင်လူမှုအဖွဲ့အစည်းများအား ဖိတ်ကြားသွားရန်စီစဉ်ထားကြောင်းလည်း သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကရင်ဖြူတို့ ဒေသတွင်အလှည့်ကျစနစ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၇၅၈ ခုနှစ် ၅ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇေယျာသီရိမြို့နယ် ကျောက်ဖျာအုပ်စု၊ ရွာသစ် ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...