ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရ

ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရ

မြတ်ဝင်းကျော် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီး ရန်ကုန် - စစ်တွေ ကားလမ်းမဘေးတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက် မွန်းလွှဲပိုင်းအချိန်က တပ်မတော်တစ်ကြောင်းတစ်ခု မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။

ထိုသို့မိုင်းဆွဲခံရပြီးနောက် သရက်တပင်ကျေးရွာနှင့် မဟာမုနိကျေးရွာအတွင်းရှိ ကားလမ်းမကို ပိတ်ဆို့လိုက်သဖြင့် ကုန်တင်ကားများ၊ ဘုရားဖူးကားများ၊ ခရီးသွားကားများ၊ သုံးဘီး စသည်ဖြင့် အစီး ၁၀၀ ကျော်ခန့် ပိတ်မိနေခဲ့ရာ ညနေ ၅ နာရီကျော်အချိန်တွင် ပြန်လည်သွားလာခွင့်ရရှိခဲ့ကြောင်း သိရသည်။

အင်အား ၄၀ ခန့်ပါဝင်သော တပ်မတော်စစ်ကြောင်းသည် သရက်တပင်ရွာ၏တောင်ဘက်မှနေ၍ ရန်ကုန်-စစ်တွေ ကားလမ်းဘက်သို့သွားရာတွင် ကားလမ်းပေါ်ရှိ တံတားအနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရွာထဲက‌နေဖြတ်သွားလို့ ၁ မိနစ် လောက်အကြာမှာ “ဂျိမ်း”ဆိုပြီး အသံထွက်လာတယ်။ ပြီးတော့ သေနတ်ပစ်သံတွေလည်းကြားရတယ်။ ဘာကိုပစ်လဲတော့မသိဘူး”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့ မိုင်းဆွဲခံရသဖြင့် တပ်သားလေးဦးခန့် ထိခိုက်သေဆုံးသွားသည်ကို တွေ့မြင်ရကြောင်းလည်း ၎င်းက ဆက်၍ပြောသည်။

“ကျနော်တို့က ညနေရွာကို ဝင်မွှေမှာကြောက်နေတယ်။ နောက်ထပ်အင်အား ၃၀ ခန့်လည်း ထပ်လာသေးတယ်။ နေဝင်ရင် ဘာဖြစ်မလဲကိုပဲ စိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ မိုင်းဆွဲခံရမှုကြောင့် တပ်မတော်သားအချို့ ထိခိုက်သေဆုံးမှုရှိသည်ကို တပ်မတော်နှင့် အဆက်အသွယ်မရသေးသဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခုမိုင်းဆွဲခံရသည့် နေရာတွင် ယခင်ကလည်း တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရပြီး ကျေးရွာအတွင်းသို့ ပစ်ခတ်မှု‌များရှိခဲ့ကြောင်း သရက်တပင်ကျေးရွာသားများက ပြောသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...