ကြားဝင်စေ့စပ်ပေးနိုင်မည့်သူရှိက သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA ပြော

ကြားဝင်စေ့စပ်ပေးနိုင်မည့်သူရှိက သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA ပြော

ကျော်ချစ် — AA က ဖမ်းဆီးထားသည့် စစ်ဖက်နှင့်သက်ဆိုင်သည့်သူ ၁၇ ဦးနှင့် တပ်မတော်က သံသယဖြင့်ဖမ်းဆီးထားသူများကို သုံ့ပန်းချင်းလဲလှယ်လိုကြောင်း ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရခိုင်ဒေသအတွင်း တပ်မတော်မှ ပုဒ်မအမျိုးမျိုးတပ်၍ မတရားဖမ်းဆီးထားသော အရပ်သားများ၊ AA နှင့် ဆက်စပ်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသူများကို ကောင်းမွန်စွာပြန်လွှတ်ပေးမည်ဆိုပါက စစ်ဖက်နှင့်သက်ဆိုင်သူ ၁၇ ဦးကို ကောင်းမွန်စွာပြန်လည်လွှတ်ပေးရန် အသင့်ရှိကြောင်း AA က ဆိုသည်။

ထိုသို့လွှတ်ပေးရန် ကြားဝင်စေ့စပ်ပေးနိုင်မည့်သူများရှိပါက အဆိုပါသုံ့ပန်းများကို အပြန်အလှန်လွှတ်ပေးရန် သဘောထားဆန္ဒရှိကြောင်း AA က ထုတ်ပြန်ထားသည်။

“မြန်မာ့တပ်မတော်၏သုံ့ပန်းများကို မိမိတို့အနေဖြင့် ကောင်းမွန်စွာထိန်းသိမ်းထားသည့်နည်းတူ မြန်မာ့တပ်မတော်ဖက်မှလည်း မတရားသဖြင့် ဖမ်းဆီးထားသော အရပ်သားများကို ကောင်းမွန်စွာထိန်းသိမ်းထားမည်ဟု မျှော်လင့်ကြောင်း” AA က ထုတ်ပြန်သည်။

ယခု AA က သုံ့ပန်းချင်းလဲလှယ်ရန်ထုတ်ပြန်ထားသည့် ၁၇ ဦးစာရင်းတွင် ရွှေနဒီအမြန်ရေယာဉ်ဖြစ်စဉ်တွင် AA က ဖမ်းဆီးထိန်းသိမ်းထားသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးပါဝင်ပြီး အခြားတစ်ဦးမှာ ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးကိုကို ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးတွင် ရွှေနဒီအမြန် ရေယာဉ်ကို ရက္ခိုင့်တပ်တော်(AA) ကတားဆီးပြီး သံသယရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်စဉ် တပ်မတော်မှ ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားပြည်သူလူထုအချို့သေဆုံးခဲ့ကာ အရပ်သား ၂၅ ဦးနှင့် တပ်မတော်သားအချို့၊ ရဲတပ်ဖွဲ့ဝင်အချို့တို့ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA က ဆိုသည်။

ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှ အရပ်သား ၂၅ ဦးကို နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး စစ်ဖက်နှင့်သက်ဆိုင်သူ ၁၆ ဦးအား သုံ့ပန်းချင်းလဲလှယ်ရန် AA က ပြောဆိုထားခြင်းဖြစ်သည်။

သို့သော် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းမီဒီယာများကို ပြောဆိုထားသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...