ယခုရက်ပိုင်း ဘူးသီးတောင်တိုက်ပွဲကြောင့် မွတ်ဆလင်အများအပြား ထိခိုက်သေဆုံး

ယခုရက်ပိုင်း ဘူးသီးတောင်တိုက်ပွဲကြောင့် မွတ်ဆလင်အများအပြား ထိခိုက်သေဆုံး

ချလူးအောင်- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သရက်ပြင်(မွတ်ဆလင်)ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ၎င်းကျေးရွာမှ လူငယ်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ကျေးရွာသားများ ထွက်ပြေးနေရကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက်ဆက်တိုက်ရှိနေပြီဖြစ်ကာ လက်ရှိမှာလည်း ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ထွက်ပြေးလာသည့် သရက်ပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“ဘယ်သူ့ဖက်က ကျည်ပစ်လို့ လာထိတာလဲ မပြောတတ်တော့ပါ။ လူငယ်တစ်ဦးကတော့ ကျည်ထိမှန်ပြီး ဘူးတောင်ဆေးရုံကို ယူသွားပါတယ်။ ရွာသားတွေက ထိတ်လန့်ပြီး ချောင်းတစ်ဖက်က ကင်းချောင်းကျေးရွာကို ကူးတို့နဲ့ကူးနေကြပါတယ်” ဟု ရေချမ်းပြင်ကျေးရွာမှ ထွက်ပြေးလာသူ မာမတ်ဇူဘိုင်က ပြောသည်။

သရက်ပြင်ကျေးရွာမှ ကျည်ထိမှန်ခဲ့သည့် မာမတ်ဟူဆောင် (၁၅) နှစ်ကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားကာ ကျေးရွာအတွင်းမှ လူဦးရေ ၆၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

၎င်းကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် အေအေတို့ နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြခြင်းဖြစ်သည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကြာညိုပြင် (မွတ်ဆလင်အခေါ် - ချာကေ)ကျေးရွာမှ ရွာသားနှစ်ဦး ကျည်ထိမှန်ခဲ့ကာ နို့စို့အရွယ်ကလေးငယ်တစ်ဦးမှာလည်း  ကြောက်လန့်သတိမေ့သွားသောကြောင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်(မွတ်ဆလင်)ကျေးရွာမှ ရွာသားတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသက ကျေးရွာများတွင် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့်လည်း နေအိမ်အချို့ မီးလောင်မှုများရှိခဲ့ကြောင်း သိရသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...