NCA ၄ နှစ်ပြည့် အခမ်းအနား RCSS/SSA မတက်ရောက်

NCA ၄ နှစ်ပြည့် အခမ်းအနား RCSS/SSA မတက်ရောက်

နေပြည်တော်တွင် ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA ၄နှစ်ပြည့် အခမ်းအနားသို့ သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ဝင်များ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဝင် တဖွဲ့ဖြစ်သည်။

RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် သည် အောက်တိုဘာ ၂၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် NCA ၄နှစ်ပြည့်အခမ်းအနားတက်ရောက်ရန်ို RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျဲန်းမှ ဟိုမိန်း- လင်းခေး- တောင်ကြီး ဘက် ကားဖြင့်သွားမည် ကို အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းမှ ခွင့်မပြုသဖြင့် အခမ်းအနား တက်ရောက်နိုင်ခြင်းမရှိပေ။

“ RCSS/SSA ဖက်က မတက်ဘူး။ အားလုံး ပြန်လာပြီ။ ဒီလိုသာထပ်သွားမယ်ဆိုရင်တော့ သူတို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်အတိုင်းတည်ဆောက်မယ့် ပြည်ထောင်စုကြီးက ဖြစ်လာဖို့ မရှိဘူးလို့တော့မပြောချင်ဘူး။ ဒါပေမယ့် လွဲသွားတယ်လို့ ပြောချင်တယ်။ လမ်းပေါ်ပြန်ရောက်အောင် ၊ ငြိမ်းချမ်းရေးအမြန်ရရှိအောင်တိုးတက်မှုရှိအောင်တော့ ကျနော်တို့ ၀ုိင်းဝန်းလုပ်ဆောင်သွားရမယ်။ တကယ်လို့ ကြိုးစားမှုမရှိရင်တော့ ၂၀၂၀ နောက်ပိုင်း အစိုးရအသစ်ရှိလာရင် ဘာဆက်ဖြစ်လာမလဲ ဆိုတာကျနော်တို့မသိနိုင်ဘူး။ ” RCSS/SSA အတိုင်ပင်ခံပုဂ္ဂိုလ် ဦးခွန်စိုင်း က ပြောသည်။

အဆိုပါပြသနာသည် အစိုးရ တပ်မတော် နှင့် RCSS/SSA ကြားပြသနာသာမဟုတ်ဘဲ ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ ပြသနာဖြစ်နေသဖြင့် နိုင်ငံသားအားလုံးမှ ကူညီညှိနှိုင်း ပေးရန် လိုအပ်ကြောင်း ဦးခွန်စိုင်း က ပြောသည်။

NCA အခမ်းအနား တက်ရောက်ခြင်း မရှိသည့်အတွက် နောက်ဆက် ကျင်းပမည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကိုလည်း တက်ရောက်မည်မဟုတ်ကြောင်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က အောက်တိုဘာ ၂၇ ရက်နေ့ မီဒီယာများတွေ့ဆုံစဉ် တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ယနေ့ကျင်းပမည့် NCA ၄နှစ်ပြည့်တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၉ ဖွဲ့ သာ တက်ရောက်ကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...