ဖခင် အရင်းကို သားဖြစ်သူက ဓါးဖြင့် ထိုးသတ်

ဖခင် အရင်းကို သားဖြစ်သူက ဓါးဖြင့် ထိုးသတ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တုံးလည်ကျေးရွာ အုပ်စု တောင်ပို့ ကြီးကျေးရွာတွင် သားဖြစ်သူက ဖခင်ကိုအရက်မူးပြီး ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက်က အသက် ၃၄ နှစ် အရွယ် သားဖြစ်သူ မောင်ဆန်းမွန်းသည် အရက်သောက်စားပြီး နေအိမ်အပြန် အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးဝင်း နှင့် စကားများ ရာမှ ဖခင်ဖြစ်သူအား ဓါးဖြင့်ထိုးသတ်လိုက်ကြောင်း နမ့်ပန်နယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သားအဖ ၂ ယောက်တည်းနေတယ်။ အမြဲတမ်းရန်ဖြစ်နေကျပါ။ စကားများတော့ ဖခင်ဖြစ်သူက သူ့ရဲ့ညီမ (ဓါးထိုးသူရဲ့ဒေါ်လေး) အိမ်ရှောင်ထွက်သွားတယ်။ ညီမအိမ်ရှေ့ ရောက်တော့ သားက နောက်ကနေ လိုက်လာပြီး ပါလာတဲ့ ဓါးနဲ့ ထိုးလိုက်တာပါ” ဟု ရဲအုပ် နေလင်းအောင် က ရှင်းပြသည်။

သားဖြစ်သူသည် အရိုးအသွား ၁၄ လက်မ ခန့်ရှိဓါးဖြင့် ဖခင်ဖြစ်သူ၏ ရင်ညွန့်ကို ထိုးလိုက်ကာ ဖခင်ဖြစ်သူ ဦးဝင်း အခင်းဖြစ်သည့်နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိမှာတော့ မောင်ဆန်းမွန်းကို နမ့်ပန်နယ်မြေရဲစခန်းတွင် (ပ)၄၁/၂၀၁၉။ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း နမ့်ပန်နယ်မြေစခန်းမှူး ရဲအုပ် နေလင်းအောင် က ပြောသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...