ကျောက်မဲ DENKO စက်သုံးဆီဆိုင် လက်လုပ်မိုင်းတု ဖြင့် ခြိမ်းခြောက်ခံရ

ကျောက်မဲ DENKO စက်သုံးဆီဆိုင် လက်လုပ်မိုင်းတု ဖြင့် ခြိမ်းခြောက်ခံရ
Photo by NayMyo/
Photo by NayMyo/

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ DENKO စက်သုံးဆီ ဆိုင်တွင် လက်လုပ်မိုင်း အတု ဖြင့် ခြိမ်းခြောက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၂၁  ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့အဝင် ပြည်ထောင်စု လမ်းမကြီးဘေးရှိ DENKO စက်သုံးဆီဆိုင်တွင် လက်လုပ်မိုင်းအတုဖြင့်ခြိမ်းခြောက်ကာ ငွေကျပ် (၁၀) သိန်းတောင်းခံရန်ကြိုးစားခဲ့ကြောင်း စိုင်းထွန်း ပြောသည်။

“ ကျနော်သိရသလောက်တော့ မနက် မှာ သန့်ရှင်းရေးလုပ်တဲ့ သူက အဲ့စာကို မြင်လိုက်တာ။ အိမ်သာထဲမှာ မိုင်းထောင်ထားတယ်။ ခလုတ်တချက်နှိပ်ရင် မိုင်းပေါက်မယ်။ တောင်းတဲ့ငွေလာပေးပါ ဆိုတဲ့စာပါ” ဟု စိုင်းထွန်း က ပြောသည်။

လက်ရှိ အချိန်မှာ အဆိုပါ ခြိမ်းခြောက်စာကို မည်သူက လာရောက်ချထားပြီး လက်လုပ်မိုင်း အတုကို မည်သည့်အဖွဲ့က လာထောင်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ကျောက်မဲမြို့ ရဲစခန်း မှ တာဝန်ရှိသူတဦး က ပြောသည်။

“ ဗုံးက အန္တရာယ်မရှိဘူး။ လက်လုပ်ဗုံးအတု ပါ” ဟုအဆိုပါ တာဝန်ရှိသူက ဆိုပြန်သည်။

အောက်တိုဘာ ၂၁ ရက်နေ့ တွင် လားရှိုးမြို့နယ် ခေးနင်း ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် တပါးကို အမည်မသိ လက်နက်ကိုင် ၂ ဦး က ဆိုင်ကယ်ဖြင့် ဝင်ရောက် ပစ်ခတ်ပြီး၊ ဆရာတော် ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ညတွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း သျှမ်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက် ( facebook) တွင် ခြိမ်းခြောက်ခံရကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...