မြန်မာရဲ ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦး လောက်ကိုင်မြို့တွင်ဖမ်းဆီးရမိ

မြန်မာရဲ ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦး လောက်ကိုင်မြို့တွင်ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် မြန်မာရဲ  ယောင်ဆောင်ပြီး ခိုးဝင်လာသည့် တရုတ် နိုင်ငံသား ၅ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် လောက်ကိုင်မြို့ ရွှေဆင်နယ်မြေ အတွင်းသို့ အဆိုပါ တရုတ်နိုင်ငံသား ၅ ဦး အားဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရုံး မှ စုံစမ်းသိရသည်။

“တရုတ် နိုင်ငံသား ၅ ဦး  ခိုးဝင်လာတာ ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းတော့ ရတယ်။ ရဲဝတ်စုံ နဲ့ ဆိုတာ ဟုတ်၊မဟုတ်တော့ ကျနော် လည်း သေချာ မသိသေးဘူး” ဟု သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲမှူးချုပ် ဇော်ခင်အောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မြန်မာဘက်ခိုးဝင်လာသည့် တရုတ်နိုင်ငံသား ၅ ဦးမှာ ကျုံးကြယ်ကျင်း၊ ဖူးတုန်း၊ စူးထိုက်ကျွင်း၊ လူပေါက်ကျန်း နှင့် ဖန်ရွှီဖိန် တို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝတ်စုံ ၂ စုံ၊ ကျည်ကာအကျီ ၁ ထည်၊ လက်ထိပ် ၅ စုံ၊ ဖိုက်ဘာဖြင့် ပြုလုပ်ထားသည့် ၉ မမ ပစ္စတို(အတု/ ကျည်မပါ ) ၂လက် M22 အနက် ရောင် သေနတ် (အတု) တို့ကိုလည်း သိမ်းဆည်းရမိသည်။

အဆိုပါ ဖမ်းဆီးရသည့် တရုတ်နိုင်ငံသား ၅ ဦးကို လောက်ကိုင်မြို့မ ရဲစခန်း တွင် (ပ) ၂၅/ ၂၀၁၉ ရာဇာသတ်ကြီး ပုဒ်မ ၁၇၀ တို့ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...