လားရှိုးမြို့နယ်တွင် ကျေးလက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

လားရှိုးမြို့နယ်တွင် ကျေးလက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ
Photo လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့၊ လားရှိုးမြို့- သေနတ်ပစ်ခံရသူဦးမာကူး၏ အလောင်းအား လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ ကသွားရောက်ယူဆောင်လာစဉ်
Photo လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့၊ လားရှိုးမြို့- သေနတ်ပစ်ခံရသူဦးမာကူး၏ အလောင်းအား လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့ ကသွားရောက်ယူဆောင်လာစဉ်

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နားကွန်းလုံ ကျေးရွာ အုပ်စု မန်ကောင်းကျေးရွာ၏ ကျေးရွာ အုပ်ချုပ်ရေးမှူးအား အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက အသက် ၆၀ အရွယ် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး( ရွာသူကြီး) ဦးမာကူးအား အ မည်မသိ လက်နက်ကိုင် တဦးက သေနတ်ဖြင့် ၆ ချက် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ မနေ့က ကျနော်တို့ကို နေ့လည် ၁၂ နာရီ မှာ အကြောင်းကြားလာလို့သွားခေါ်တာပါ။ အဲ့နေရာက သွားရခက် တယ်။ မိုးကလည်း ရွာတော့ လမ်းတွေလည်း ဆိုးတယ်။ အလောင်းကိုတော့ လားရှိုး ရင်ခွဲရုံ ကို ပို့ထားတယ်” ဟု လားရှိုးလူငယ် လူမှုကူညီရေး အသင်းမှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။



Photo Credit to လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့၊ လားရှိုးမြို့- သေနတ်ပစ်ခံရသည့် လားရှိုးမြို့နယ် နားကွန်းလုံ ကျေးရွာ အုပ်စု မန်ကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမာကူး

ဦးမာကူး၏ နဖူးအလယ်တည့်တည့်တွင် သေနတ်ဒဏ်ရာ တချက်၊ လည်ပင်း တွင် တချက်၊ ရင်ဘတ်တွင် ၂ချက် နှင့် တင်ပါးတွင် ၂ ချက် ပစ်ခတ်ထားသည်ကိုတွေ့ရကြောင်း လည်း သိရသည်။

ဦးမာကူး အား ပစ်ခတ်သွားသည့် အမည်မသိ လက်နက်ကိုင် ကို စုံစမ်းနေဆဲဖြစ်ပြီး လားရှိုးမြို့မရဲစခန်းတွင် (ပ) ၄၁၄/၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...