ပန်ဆိုင်း အကောက်ခွန် အိမ်ယာ မီးလောင်

ပန်ဆိုင်း အကောက်ခွန် အိမ်ယာ မီးလောင်

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ် ပန်ဆိုင်း( ကြူကုတ်) အကောက်ခွန်ရုံး ဝန်ထမ်း အိမ်ယာတွင် မီးလောင်မှု ဖြစ်ပွားကြာင်း သတင်းရရှိသည်။

အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီခွဲအချိန်က ပန်ဆိုင်းမြို့ရှိ အကောက်ခွန်ရုံး ဝန်ထမ်း အိမ်ယာ ၆ ခန်းတွဲတွင် ဝါကြိုးရှော့ ဖြစ်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့ပြီး လူသူထိခိုက်ဒဏ်ရာရမှုတော့ မကြာင်း ပန်ဆိုင်း မီးသတ်ဌာန မှ တာဝန်ရှိသူက ပြောသည်။

” အခန်း မျက်နှာကျက် ဝါယာကြိုး ကနေ ရှော့ဖြစ်တာပါ။ ၈ နာရီ မှာ ငြိမ်သွားတယ်။ လူထိခိုက်မှု မရှိဘူး” ဟု ပန်ဆိုင်း မီးသတ် ကပြောသည်။

ပန်ဆိုင်း သည် တရုတ်ပြည် နယ်စပ် တခုဖြစ်ပြီး၊ တရုတ်-မြန်မာ ကုန်သွယ်သည့် ဒေသ တခု လည်း ဖြစ်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...