ကျိုင်းတုံမြို့နယ် အတွင်း ဗြောက်အိုး ကစားသည့် ကိုယ်ရင် ၂ပါး လက်ချောင်း ပြတ်ရှ

ကျိုင်းတုံမြို့နယ် အတွင်း ဗြောက်အိုး ကစားသည့် ကိုယ်ရင် ၂ပါး လက်ချောင်း ပြတ်ရှ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်ထိုက် ကျေးရွာ အုပ်စု ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင်  ကိုယ်ရင် ၂ပါး ဗြောက်အိုး ဆော့ရာမှ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်ညပိုင်းက ဝမ့်နိမ့်ရွာ ဘုန်းကြီးကျောင်းတွင် သက်တော် ၁၇ နှစ်၊ ဝါတော် ၈ဝါ ရှိ ကိုယ်ရင် ဖနွဲ့ရှန် နှင့် သက်တော် ၁၃ နှစ်၊ ဝါတော် ၄ ဝါ ရှိ ကိုယ်ရင် ဖဆမ်လာ တို့သည်   ဗြောက်အိုး ဆော့ကစားကြရာ ယမ်းစများ ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ကျိုင်းတုံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနေ့က ကိုယ်ရင် ၂ ပါး ဗြောက်အိုးဖောက်တော့ ယမ်းစထိမှန်တယ်။ ဒဏ်ရာတွေကတော်တော် များတယ်။ ကိုယ်ရင် တပါးဆိုရင် လက်ချောင်းတွေ ပြတ်သွားတယ်” ဟု ကျိုင်းတုံ ဒေသခံ စိုင်းတစ် က ပြောသည်။

ဗြောက်အိုး ပေါက်ကွဲကာ ယမ်းစထိမှန်မှုကြောင့် ကိုယ်ရင် ဖနွဲ့ရှန်သည် ဝဲဘက် လက်ချောင်း ပြရှ၊ ရင်ဘတ် ပေါက်ပြဲ၊ ယာဒူးခေါင်းပေါက်ပြဲဒဏ်ရာရရှိပြီး၊   ဖဆမ်လာ သည် မျက်နှာပြင် ပေါက်ပြဲ၊ ဝဲဘက် လက်ချောင်းများ ပေါက်ပြဲကြောင်း စိုင်းတစ် က ပြောသည်။

လက်ရှိမှာ ဗြောက်အိုး ထိမှန်သည့် ကိုယ်ရင် ၂ ပါး သည် ကျိုင်းတုံ မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေကြောင်းသိရသည်။

သီတင်းကျွတ် နှင် တန်ဆောင်တိုင် ကာလ အတွင်း မီးရှူး၊ မီးပန်းများ၊ ဗြောက်အိုးများ ရောင်းချခြင်း နှင့် ဆော့ကစားခြင်း မပြုလုပ်ရန် လည်း အာဏာပိုင်များ က သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ ဒီသီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ကာလတော့ ကလေးတွေ ရဲ့ အကြိုက်ပေါ့။ မဆော့ဖို့ပြောပေမယ့် သူတို့က ခိုးဆော့ကြတယ်။ ရောင်းတဲ့သူကလည်း ရှိတော့ ဝယ်တဲ့ သူကလည်း ရှိတယ်” ဟု ကျိုင်းတုံ ဒေသခံ  နန်းယိင်း ကပြောသည်။

မီးရှူး၊ မီးပန်းများ၊ ဗြောက်အိုးများ ရောင်းချသည့် သူများကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်ပေးသင့်ကြောင်း၊ လက်ရှိမှာ ရောင်းချသူများကို အရေးယူဖမ်းဆီးခြင်းမရှိသောကြောင့် ဆက်လက်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း နန်းယိင်းက ပြောသည်။

ဗြောက်အိုး ဆော့ ကစားသည့် ကိုယ်ရင် ၂ ပါး ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် မိမိ ကလေးများကို ဗြောက်အိုး မကစားရန် သေချာ ကြည့်ရှုသင့်ကြောင်း လည်း နန်းယိင်းက ပြောပါသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...