ဘူးသီးတောင်မြို့နယ်တွင် ပိတ်မိနေသည့် ဒေသခံများကို ကြက်ခြေနီအဖွဲ့ ကယ်ထုတ်

ဘူးသီးတောင်မြို့နယ်တွင် ပိတ်မိနေသည့် ဒေသခံများကို ကြက်ခြေနီအဖွဲ့ ကယ်ထုတ်



ရခိုင်ပြည်နယ်၊ ဘူးသီးတောငမြို့နယ်၊ သရက်ပြင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်မိနေသည့် သရက်ပြင်ကျေးရွာသား (၁၁)ဦးကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ယနေ့ အောက်တိုဘာလ (၈)ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့သည်။

အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃) ဦးတို့သည် အောက်တိုဘာလ (၅) ရက်နေ့က သရက်ပြင်ကျေးရွာ အနီးတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခဲ့ဘဲ ကျေးရွာအတွင်းတွင် ပိတ်မိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သွားတာကတော့ မနက်လောက်ကသွားတာ။ ကျွန်တော်တို့ ကြက်ခြေနီတပ်ဖွဲ့ တစ်ခုတည်း သွားတာ။ ဟိုမှာ လူရှာနေတော့ နည်းနည်းကြာသွားတယ်။ ဒီကို ၂ နာရီကျော်လောက်က ပြန်ရောက်တယ်”ဟု ဘူးသီးတောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်ဝေက ပြောသည်။

လက်ရှိတွင် ၎င်းတို့သည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးလာသည့် သရက်ပြင်ကျေးရွာသားများနှင့်အတူ ဘူးသီးတောင်မြို့၊ လမ်းမ ကျောင်းတိုက်တွင် ခိုလှုံနေကြသည်။

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်၊ ကွမ်းတောင် စသည့်ကျေးရွာများတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး အောက်တိုဘာလ (၄)ရက်နေ့ကလည်း ကွမ်းတောင်ကျေးရွာတွင် နေအိမ် တချို့ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...