အကြမ်းဖက်အဖွဲ့အချို့၏ ခြိမ်းခြောက်မှုများကို လုံခြုံရေးသတိထားရှိရန် ရခိုင်ဝန်ကြီးချုပ် တိုက်တွန်း

အကြမ်းဖက်အဖွဲ့အချို့၏ ခြိမ်းခြောက်မှုများကို လုံခြုံရေးသတိထားရှိရန် ရခိုင်ဝန်ကြီးချုပ် တိုက်တွန်း

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဖွဲ့အစည်းတချို့၏ ခြိမ်းခြောက်မှုများအပေါ် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ လုံခြုံရေးအတွက် လုံခြုံရေးသတိများထားရှိကာ တုန့်ပြန်နိုင်အောင်ဆောင်ရွက်သွားရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရဲတပ်ဖွဲ့ဝင်များကို တိုက်တွန်းပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်သည့် (၅၅) နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိအခြေနေမှာတော့ မြန်မာနိုင်ငံကို အန္တရာယ်ပြုဖို့စိန်ခေါ်လာတဲ့ အကြမ်းဖက်အဖွဲ့တစ်ချို့ရဲ့ ခြိမ်းခြောက်မှုအပေါ် ကိုယ့်ရေမြေ၊ ကိုယ့်အိုးအိမ်စည်းစိမ်လုံခြုံမှုအတွက် ဥပဒေနဲ့အညီ အကောင်းဆုံးကာကွယ်ပေးနိုင်ဖို့ လုံခြုံရေးသတိများထားရှိပြီးတော့ တုန့်ပြန်နိုင်အောင် ဆောင်ရွက်သွားကြဖို့လည်း အထူးတိုက်တွန်းမှာကြားလိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးညီပုက တိုက်တွန်းခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း မှုခင်းဖြစ်ပွားမှုများမှာ မြို့ပြထက် ကျေးလက်ဒေသများတွင် ပိုမိုများပြားလာနေသဖြင့် ကျေးလက်ဒေသများတွင် မှုခင်းအသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ကြရန်လည်း ဝန်ကြီးချုပ်က မှာကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေ့အခမ်းအနားတွင် သောင်းကျန်သူအဖွဲ့များကို တပ်မတော်နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးများကို တရားခံနှင့်အတူဖမ်းဆီးရမိခဲ့သည့် ရဲအရာရှိများအပါအဝင် အခြားထူးချွန်သည့် ရဲတပ်ဖွဲ့ဝင်များကို ဆုချီးမြှင့်ခဲ့သည်။

“ဆုချီးမြင့်တဲ့အခါမှာ သူ့အပိုင်းလိုက်၊ အပိုင်းလိုက် ကျွန်တော်တို့ရည်မှန်းချက်တာဝန်တွေမှာ ထူးချွန်တဲ့သူတွေကို ဆုချီးမြင့်ရခြင်းဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မောင်မောင်စိုးက ပြောသည်။

အဆိုပါအခမ်းအနားတွင် သောင်းကျန်းသူအဖွဲ့ဟူသည် မည်သည့်အဖွဲ့ကို ရည်ညွှန်းပြောဆိုသည်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ တပ်မတော်နှင့် အစိုးရက ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...