မီးဝကျေးရွာသားနှစ်ဦးကို တပ်မတော်ကပစ်လို့မှန်တယ်ဆိုတာ ဘာနဲ့သက်သေပြုမလဲဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးပြော

မီးဝကျေးရွာသားနှစ်ဦးကို တပ်မတော်ကပစ်လို့မှန်တယ်ဆိုတာ ဘာနဲ့သက်သေပြုမလဲဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးပြော

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာအနီးတွင် တပ်မတော်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသားနှစ်ဦး ကျည်ထိမှန်ခဲ့သည်ဟု မိသားစုဝင်များကပြောဆိုကြသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က မီးဝကျေးရွာအနီး ကုလားတန်မြစ်အတွင်း တပ်မတော်ရေယာဉ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မီးဝကျေးရွာမှ ဦးသာထွန်းဦး ၆၃ နှစ်နှင့် မောင်နိုင်လင်းစိုး ၂၂ နှစ် တို့တွင် ကျည်ထိမှန်သွားခဲ့ကြောင်း ဆိုသည်။

“သားဖနှစ်ယောက် ပဲခင်းထွန်နေတဲ့အခါ နေဗီကတက်လာပြီး ပစ်တယ်လို့ပြောတယ်။ သူတို့အဲဒီနားမှာ ဝပ်နေကြပြီးတော့ ပစ်သံခဏရပ်သွားလို့ ထကြည့်တဲ့အခါ ထိတာလို့ပြောတယ်” ဟု မောင်နိုင်လင်းစိုး၏ အဒေါ် ဒေါ်မသန်းမြင့်က ပြောသည်။

ထိုသို့ ကျည်ထိမှန်ခဲ့သူတို့၏ မိသားစုဝင်များက တပ်မတော်မှ ပစ်ခတ်မှုကြောင့် ထိမှန်ခဲ့သည်ဟုဆိုသော်လည်း တပ်မတော်မှပစ်၍ ထိမှန်သည်ကို ဘာနဲ့သက်သေအထောက်အထားပြုမလဲဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက မေးခွန်းထုတ်ခဲ့သည်။

“တပ်မတော်က နေရင်းထိုင်ရင်းနဲ့တော့ ဒီအတိုင်းမပစ်ဘူး။ အဲဒါက တပ်မတော်ကပစ်လို့ မှန်တယ်ဆိုတာကို ဘာနဲ့သက်သေအထောက်အထားပြုမလဲ”ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

လက်ရှိမှာ ကျည်ထိမှန်ခဲ့သူ ဦးသာထွန်းဦးမှာ စစ်တွေဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး မောင်နိုင်လင်းစိုးမှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိနေသည်။

“ကျည်ထိသွားတာက နောက်ကျောမှာ သုံးချက်ထိသွားတယ်။ ကျောက်တော်ဆေးရုံက စစ်တွေကို လွှတ်လိုက်တာ။ ဓါတ်မှန် သုံးလေးကြိမ်လောက် ရိုက်ကြည့်တဲ့အခါ အထဲမှာ ကျည်တစ်လုံးတွေ့တယ်လို့ ပြောတယ်။ အဆုပ်ကိုပါထိတဲ့အတွက် ဆရာဝန်က အသက်ပါစိုးရိမ်ရတယ်လို့ ပြောတယ်” ဟု ဦးသာထွန်းဦး၏ သမက်ဖြစ်သူ ကိုငွေထွန်းကပြောသည်။

မီးဝကျေးရွာသားနှစ်ဦး ကျည်ထိမှန်ခဲ့သည့်နေ့တွင် ၎င်းကျေးရွာနှင့် နီးကပ်စွာရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကြွေဟောင်းရွာသစ်မှ ဦးသောင်းဌေး ၄၂ နှစ်တွင်လည်း ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ စက်တင်ဘာလအထိ အရပ်သားသေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူဦးရေ ၁၃၀ ကျော်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...