ရခိုင်တွင် အင်တာနက်ပိတ်ထားမှု ကုလသမဂ္ဂ၏ လုပ်ငန်းများကို အဟန့်အတားဖြစ်ပေါ်စေ

ရခိုင်တွင် အင်တာနက်ပိတ်ထားမှု ကုလသမဂ္ဂ၏ လုပ်ငန်းများကို အဟန့်အတားဖြစ်ပေါ်စေ

ရခိုင်ပြည်နယ်မြို့နယ် (၄)ခုတွင် အင်တာနက်ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ မြန် မာနိုင်ငံရုံးက စက်တင်ဘာလ ၂၉ ရက်နေ့တွင်တောင်းဆိုလိုက်သည်။

မြို့နယ် (၄)မြို့နယ်တွင် အင်တာနက်ပိတ်ပင်ထားမှု ယနေ့ဆိုလျှင် ရက်ပေါင်း (၁၀၁)ရက်ရှိပြီဖြစ်သည်။  မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၏ လူသားချင်းစာနာရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်သည့် စွမ်းဆောင်ရည် မှာ လက်ကိုင်ဖုန်းဖြင့် အင်တာနက်အသုံးပြုနိုင်သည့် ဝန်ဆောင်မှုများကို အားကိုးအားထားပြုရပြီး အင် တာနက် ဝန်ဆောင်မှုများကို ပိတ်ပင်ခြင်းသည် ကုလသမဂ္ဂ၏ လုပ်ငန်းများကို အဟန့်အတား များစွာ ဖြစ်စေသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းဒေသများက ပြည်သူလူထုသည် လက်နက်ကိုင်ပဋိပက္ခကြောင့်လည်းကောင်း၊ယင်းနှင့်ဆက်စပ် နေသည့် လူသားချင်းစာနာရေးသွားရောက်ဆောင်ရွက်နိုင်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့်လည်းကောင်း ပြင်းထန်စွာထိခိုက်ခံစားရသည့်အပြင် အင်တာနက်ပိတ်ပင်မှုကြောင့် နေ့စဉ်လူမှုဘဝတွင် ထပ်မံ၍ အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဟု ကုလသမဂ္ဂက ဆိုသည်။

“အင်တာနက်ဟာ သတင်းအချက်အလက် ရရှိရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့အတွက် အထူးအရေးကြီးပါတယ်။ တဖန် သတင်းအချက်အလက် ရရှိရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ရရှိမှသာ အခြား အခြေခံ လူ့အခွင့်အရေးတွေကို ရရှိရေး ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတကာလူသားချင်းစာနာရေး ဥပဒေပါ နိုင်ငံတော်က ဆောင်ရွက်ရမည့် တာဝန်များနှင့်အညီ လူသားချင်းစာနာရေး အဖွဲ့အစည်းများ အဟန့်အတားမရှိ သွားရောက်နိုင်စေရေး ကူညီပံ့ပိုး ဆောင်ရွက် ပေးရန်လည်း တောင်းဆိုထားသည်။

ယနေ့တွင် အင်တာနက်ပိတ်ပင်ခံထားရသည့် ဒေသများက ပြည်သူများနှင့်အတူ စည်းလုံးမှုရှိကြောင်း ပြသလိုသဖြင့် အင်တာနက်ကို (၂၄)နာရီတိတိ ပိတ်ထားမည့်  မြန်မာအင်တာနက်ဖြတ်တောက်မှုနေ့လှုပ် ရှားမှုအစီအစဉ်ကိုလည်း အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်လျက်ရှိသည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိမြို့နယ်ရှိ (၉)မြို့နယ်တွင်  ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စတင်ပြီးအင် တာနက်အသုံးပြုခွင့်ပိတ်ပင်လိုက်ပြီး စက်တင်ဘာလအစောပိုင်းတွင် မြို့နယ် (၅)မြို့နယ်ကို အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကျောက်တော်၊မင်းပြား၊မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဆက်လက် ပိတ် ပင်ထားသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...