ရခိုင်မှ စစ်ဘေးရှောင်စခန်းတချို့ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေ

ရခိုင်မှ စစ်ဘေးရှောင်စခန်းတချို့ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိနေ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတချို့မှာ စားနပ်ရိက္ခာပြတ်လပ်မှုများရှိနေကြောင်း စစ်ဘေးရှောင် စာရင်းများကို ကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။

ဘူးသီးတောင်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့မှာ စားနပ်ရိက္ခာ အခက်အခဲများ ရှိနေကြောင်း REC ၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“တခြားစခန်းတွေမှာ ဆန်တစ်ခုတော့ ပုံမှန်လိုအပ်မှုရှိတယ်။ အခုတော့ အလှူရှင်တွေ တအားနည်းလာတယ်။ သွားတဲ့သူတွေ သိပ်မရှိတော့ဘူး။ ဘာဖြစ်လိုလဲဆိုတော့ အဖွဲ့အစည်းတွေမှာလည်း ရန်ပုံငွေတွေက ရေရှည်သွားမယ့် အခြေအနေထိလည်း မရှိဘူးလေ။ ဒီတော့ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေလည်း နည်းလာတယ်” ဟု ၎င်းကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ အထက်သင်းပုန်းတန်း စစ်ရှောင်စခန်းနှင့် ဖားကြွယ်ဝ စစ်ရှောင် စခန်းတို့မှာလည်း စားနပ်ရိက္ခာပြတ်လပ်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းများကို အလှူရှင်များမှလည်း လာရောက်မှုမရှိသဖြင့် စားနပ်ရိက္ခာများအခက်အခဲရှိနေကြောင်း ဖားကြွယ်ဝစစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးသန်းမြင့်က ပြောသည်။

“ရိက္ခာတွေပြတ်နေတာတော့ တစ်ပတ်လောက်ရှိပြီ၊ ပရဟိတအသင်းတွေလည်း မရောက်ဘူး။ အစိုးရက ၁ ရက်မှာ လူတစ်ယောက်ကို  ၃၀၀ နှုန်းပေးတယ်။ မလောက်ဘူး။ ထောက်ပံပေးမည်သူမရှိတော့ ရှိတာလေး တွေကို ထုခွဲရောင်းချပြီးစားနေရတယ်။ ကျနော်တို့စခန်းက အလှမ်းဝေးတော့ အလှူရှင်တွေ မရောက်ဘူး” ဟု ၎င်းကဆိုသည်။

ဖားကြွယ်ဝစစ်ရှောင်စခန်းတွင် လူဦးရေ ၂၈၀ ကျော်နှင့် သင်ပုန်းတန်းစစ်ရှောင်စခန်းတွင် လူဦးရေ ၃၀၀ ကျော် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၆၄၉၀၀ ကျော်ရှိပြီး စစ်ဘေးရှောင်စခန်းစုစုပေါင်း ၆၁ ခုရှိကြောင်း REC ၏ စာရင်းအရသိရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...