ထိုင်းမှာ လက်လီဈေးဆိုင်များနှင့် စတိုးဆိုင်များ၌ ပလတ်စတစ်အိတ်များပေးခြင်းကို ၂၀၂၀ တွင် လုံးဝရပ်ဆိုင်းမည်

ထိုင်းမှာ လက်လီဈေးဆိုင်များနှင့် စတိုးဆိုင်များ၌ ပလတ်စတစ်အိတ်များပေးခြင်းကို ၂၀၂၀ တွင် လုံးဝရပ်ဆိုင်းမည်

 

ထိုင်းနိုင်ငံတွင် ပလတ်စတစ်စွန့်ပစ်အမှိုက် လျှော့ချရန်အတွက် လက်လီဈေးဆိုင်များနှင့် စတိုးဆိုင်များသည် လာမည့်နှစ်၌ ဈေးဝယ်သူများအား ပလတ်စတစ်အိတ်များအသုံးပြု၍ ပစ္စည်းများထည့်ပေးခြင်းကို လုံးဝရပ်ဆိုင်းရန်ကတိပြုထားပြီး ဖြစ်သည်ဟု ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းတစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက်တွင် တိုင်းပြည်၏ အထင်ကရလက်လီလုပ်ငန်းကြီးများသည် တစ်ခါသုံးပလတ်စတစ်အိတ်များ အသုံးပြုခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ ရပ်ဆိုင်းသွားတော့မည်ဖြစ်သည်။

" နိုင်ငံတဝမ်းက ကုန်တိုက် ၄၃ ခုနဲ့ စတိုးဆိုင်တွေဟာ အစိုးရရဲ့ပလတ်စတစ်အိတ် အသုံးပြုမှုရပ်ဆိုင်းရေးအစီအမံမှာ ပါဝင်ခဲ့ကြပါတယ် " ဟု ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဝရာဝပ်ဆေလ်ပါအာချာ က သူ၏ Facebook စာမျက်နှာတွင်ရေးသားခဲ့ပြီး နိုင်ငံသားများအားလည်း ပလတ်စတစ်အိတ်အစား အဝတ်အိတ်ကဲ့သို့သော အခြားအိတ်များကို အစားထိုးသုံးစွဲရန် တိုက်တွန်းထားသည်။

ယခုနှစ်ကုန်တွင် အဓိကအသုံးများသော ပလတ်စတစ်ကုန်ကြမ်း ၃ မျိုးကို တိုင်းပြည်အတွင်း ပိတ်ပင်သွားမည်ဟုလည်း ထိုင်းအစိုးရက ပြောကြားထားပြီးဖြစ်သည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ် ပလတ်စတစ်အိတ်အပိုင်းအစ ၇၅ ဘီလျံခန့်မှာ စွန့်ပစ်ပစ္စည်းများဖြစ်လာလျက်ရှိပြီး ယင်းတို့ထဲမှ ထက်ဝက်ခန့်မှာ ဈေးဝယ်စင်တာများ၊ ကုန်တိုက်များနှင့် စတိုးဆိုင်များမှဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပလတ်စတစ်အိတ် အသုံးပြုမှုလျှော့ချရေးအစီအမံ မစတင်မီကပင် ထိုင်းနိုင်ငံရှိ ကုန်တိုက်ကြီးများနှင့် ဆူပါမားကတ်လုပ်ငန်းကြီးများသည် ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချရေးကို လုပ်ဆောင်လျက်ရှိကြသည်။

ဆွေးမြေ့ပျက်စီးရန် နှစ်ပေါင်းများစွာကြာမြင့်သော ပလတ်စတစ်အိတ်များသည် ကုန်းနေ၊ရေနေသတ္တဝါမျိုးစိတ်များ၏ ရှင်သန်ရပ်တည်မှုအတွက် ကြီးမားသောအန္တရာယ်တစ်ရပ်ဖြစ်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေသဖြင့် ကမ္ဘာတဝမ်းတွင် ပလတ်စတစ်အိတ်နှင့် ပလတ်စတစ်ပစ္စည်းများသုံးစွဲခြင်းကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် နှစ်စဉ် ပလတ်စတစ်အိတ်အပိုင်းအစ ၇၅ ဘီလျံခန့်မှာ စွန်ပစ်ပစ္စည်းများ ဖြစ်လာလျက်ရှိသည်။ (ဓာတ်ပုံ - Reuters)

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...