မြောက်ဦးမြို့မှာ ဆရာတော်တစ်ပါး၊ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ဖမ်းဆီးခံရ

မြောက်ဦးမြို့မှာ ဆရာတော်တစ်ပါး၊ အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာမှ ကျောင်းထိုင်ဆရာတော်၊ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ကားသမား ဦးမြင့်မောင်တို့ကို စက်တင်ဘာ ၂၀ ရက်နေ့က တပ်မတော်က ဖမ်းဆီးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဖမ်းဆီးခံရသူများသည် မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာသို့ ဆရာကန်တော့ပွဲသွားရာတွင် လင်းမြွေတောင်အနီး ဆုတောင်ပြည့်ဘုရား၌ စခန်းချခဲ့သည့်တပ်မှ ဖမ်းဆီးသွားသည်ဟု အိုးထိမ်းကျေးရွာမှ အမည်မဖော်လိုသူ ကျောင်းတကာတစ်ဦးကပြောသည်။

“အဲဒီနေ့က ရွာမှာဆွမ်းကျွေးပွဲရှိတယ်။ ဆွမ်းကျွေးပွဲကို ဘုန်းကြီးမရောက်ဘူးလို့ ကျွန်တော့်ကို အကြောင်းကြားတယ်။ စုံစမ်းကြည့်တော့ ဘုန်းကြီးရယ်၊ အုပ်ချုပ်ရေးမှူးနဲ့ ကားသမားတို့ ကျောက်ကျပ်ရွာကို ဆရာကန်တော့ဖို့သွားတယ်လို့ိကြားတယ်။ ရွာက အပျို၊ လူပျိုတွေ ကားလမ်းတစ်လျှောက်ရှာကြည့်တော့ ဘုန်းကြီးကားကို လမ်းမတော်ကျောင်းရှေ့မှာတွေ့တယ်။ အဲဒီကျောင်းမှာ စစ်တပ်ရှိတယ်၊ စစ်တပ်က ဖမ်းသွားတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ ဖမ်းဆီးခံထားရသည့် အိုးထိမ်းဆရာတော်၊ အုပ်ချုပ်ရေးမှူးနှင့် ကားသမားတို့ကို မည်သည့်နေရာသို့ ယူဆောင်သွားသည်ကို အတိအကျမသိရသေးဟု အိုးထိမ်းအုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ မဦးဝေနုကပြောသည်။

“ဘယ်ကိုယူသွားလဲဆိုတာ အတိအကျလေ့လာလို့မရသေးဘူး။ တအားစိတ်ပူနေကြတယ်။ ဘယ်နေရာကိုယူသွားလဲမသိဘူး။ ကျွန်မတို့နဲ့လည်း အဆက်သွယ်မရဘူး။ ဘယ်ကိုရောက်နေလဲဆိုတာကို အတိအကျသိချင်ပါတယ်။ ကျွန်မ အဖေမှာ ဘာပြစ်မှုမှ မရှိတဲ့အတွက် အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်” ဟု မဦးဝေနုကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်က ဖမ်းဆီးခြင်း ရှိ၊ မရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ မအားသေးဟုဆိုကာ ဖြေကြားနိုင်ကြားခြင်း မရှိခဲ့ပေ။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...