KBC ဥက္ကဌ ဒေါက်တာခါလမ်ဆမ်ဆွန်အပေါ် စွဲဆိုထားမှု တပ်မတော် ရုတ်သိမ်း

KBC ဥက္ကဌ ဒေါက်တာခါလမ်ဆမ်ဆွန်အပေါ် စွဲဆိုထားမှု တပ်မတော် ရုတ်သိမ်း

အမေရိကန် သမ္မတအား ပြောကြားခဲ့သည့် စကားအပေါ် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်အား တရားစွဲထားသည့် အမှုကို တပ်မတော်မှ ပြန်လည် ရုတ်သိမ်းလိုက်သည်။

တရားလိုဖြစ်သူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်မှ အမှုကြေ အေးပေးရန် စက် တင်ဘာလ ၉ ရက်နေ့ ယနေ့တွင် လျှောက်ထားလာသည့်အတွက် ဒေါက်တာ ခါလမ်ဆမ်ဆွန်အား ကြေအေးခွင့် ပြုလိုက်သည်ဟု မြစ်ကြီးနားမြို့နယ် တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးသန်းထွန်းက သတင်းမီဒီယာများအား ပြောသည်။

“အမှုမှလျှာက်ထားတဲ့သူ ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်ကနေပြီးတော့ အမှုကို ကြေအေး ရုပ်သိမ်းပေးပါဆိုပြီး ဒီနေ့ လျှောက်ထားလာတယ်။ အဲတော့ ကျနော်တို့ ရုံးက ဒီနေ့ပဲ ရာဇဝတ်ကျင့်ထုံးဥ ပဒေပုဒ်မ ၃၄၅ (၁) အရ ကြေအေးခွင့်ပြုပြီးတော့ ၃၄၅(၆) အရ စွပ်စွဲခံရသူ ဒေါက်တာခါလမ်ဆမ်ဆွန်အား ကျနော်တို့က အပြီးပြတ်လွှတ်လိုက်ပြီဖြစ်ပါတယ် ဒါကို အားလုံးသိအောင် ကျနော်က ချပြခြင်းဖြစ်ပါတယ်”

အမေရိကန် သမ္မတနှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သော စကားများအပေါ် တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က တရားစွဲဆိုပေးရန် လျောက်ထားခဲ့မှုအပေါ် ရာဇဝတ်ကြီး ပုဒ်မ ၂၁၈၇ နှင့် အမှုလက်ခံ စစ်ဆေးထားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဒေါက်တာ ခါလမ်ဆမ်ဆွန်အား တရားလိုဖက်မှ ကြေးအေးပေးပြီး တရားရုံးမှ အပြီးသတ်လွတ်လိုက်သည့်အတွက် အပြုသဘောဆောင်သည့် လုပ်ရပ်ဖြစ်သည့်အတွက် ကြိုဆိုကြောင်း ကချင်လူမှု့ဖွံ့ဖြိုးရေးကွန်ရက် အထွေထွေ အတွင်းရေးမှူး ကိုစဂျီက ပြောသည်။

“ကောင်းပါတယ် ဒီလိုဖြစ်သင့်ပါတယ်။ မဟုတ်လို့ရှိရင်က ထိလွယ်ရှလွယ် ငြိမ်းချမ်းရေးအတွက်လည်း ထိခိုက်မှာ ဒါတော်တော် Rev. ဒေါက်တာ ခါလမ်ဆမ်ဆွန် ဆိုတာက ဒီသာမန်အရပ်သား တစ်ယောက်ကို အရေးယူစွဲ ချက်တင်တာနဲ့ တူမှာမဟုတ်ဘူးလေ အဲဒီအပိုင်းကတော့ အားလုံးက တော်တော်ကို ထိလွယ်ရှလွယ်ဖြစ်ဖို့ အခြေအနေရှိတယ် ဒါကြောင့်မို့ အခုလိုလုပ်တာက တိုင်းပြည်အတွက် တည်ငြိမ်မှုကို လုပ်တဲ့အတိုင်းအတာ ထိရောက်တယ်လို့ မြင်တာပေါ့နော” ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရမ့် နှင့် နိုင်ငံတကာမှ ဘာသာရေး ခေါင်း ဆောင်များ တွေ့ဆုံစဉ် ဒေါက်တာ ခါလမ်ဆမ်ဆွန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား တပ်မတော် မှ တိုင်းရင်းသား လူနည်းစုအပေါ် ဖိနှမ့်မှုများနှင့် ဘာသာရေး လွတ်လပ်ခွင့်များနဲ့ ပတ်သက်၍ ပြောဆိုခဲ့သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခါလမ်ဆမ်ဆွန်၏ ပြောဆိုချက်ထဲတွင် “မြန်မာနိုင်ငံ တွင် ဖိနှိပ်မှု၊ ညှင်းပမ်းမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဘာသာရေး လွတ်လပ်ခွင့်လည်း အပြည့်အ၀ မရှိကြောင်း၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များမှာလည်း စစ်တပ်အပါအဝင် ဗဟိုအစိုးရကို တိုက်ခိုက်နေရဆဲဖြစ်ကြောင်း၊ အမေရိကန် အစိုးရအနေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဦးစားပေးပြီး တိုင်းရင်သားခေါင်းဆောင်တွေကိုဒီမိုကရေစီ၊ ဖက်ဒရယ် စနစ် အောင်မြင်ရေးအတွက် ကူညီပေးစေချင်ကြောင်းနှင့် အမေရိကန်က မြန်မာစစ်တပ် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း” စသည်တို့ ပါဝင်သည်။

အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်၍ အရေးယူပေးပါရန် သြဂုတ်လ ၂၆ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က မြစ်ကြီးနားမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် ထားခဲ့ခြင်းဖြစ်သည်။

September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...
မြန်မာနိုင်ငံ လူမှုကယ်ရေးအဖွဲ့ - မန္တလေး / ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်း
September 3, 2026
ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ပြင်းထန်နေချိန် ငါးသိုင်းချောင်း-အိုင်သပြု...
ပုံဟောင်း / ချောင်းဦးမြို့နယ်ထဲက ကျီးကုန်းရွာရှိ နေအိမ်များ မီးရှို့ခံရစဉ်
September 3, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုး...