သျှမ်းမြောက်တိုက်ပွဲ အရပ်သား ၁၁ ဦး သေဆုံး ၂၅ ဦး ဒဏ်ရာရ

သျှမ်းမြောက်တိုက်ပွဲ အရပ်သား ၁၁ ဦး သေဆုံး ၂၅ ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ၁၁ ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၂၅ ဦးရှိသွားပြီး ဟု ရှမ်းမြောက် လူမှု အဖွဲ့အစည်း ပြောကြားချက် အရ သိရသည်။

အရပ်သား ၁၁ ဦး သေဆုံး နှင့် ဒဏ်ရာရရှိသူ ၂၅ ဦးသည် သျှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီး ဒဏ် နှင့် မြေမြှပ်မိုင်း ဒဏ်တို့ကြောင့်ဖြစ်ကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပါင်းဆောင်ရွက်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ၁၃ ရက်အတွင်း မှာ အရပ်သား ၁၁ ယောက်သေဆုံးပြီ။ ဒဏ်ရာရသူကတော့ ၂၅ ယောက်ရှိပြီ။ ဒါကတော့ ကျနော်တို့ လက်လှမ်းမှီတာပေါ့။ လက်လှမ်းမမှီတာတွေလည်းရှိနိုင်တယ်။ ဒီထက် ရှိကောင်းရှိနိုင်သေးတယ်” ဟု ဦးဟောင်းဒေါင် က ဆိုသည်။

တိုက်ပွဲကြောင့် သေဆုံးသူ ၁၁ ဦးမှာ အမျိုးသားများသာဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၅ ဦးမှာ အမျိုးသမီး ထက်ဝက်ကျော် ပါကြောင်းလည်း ဦးဟောင်းဒေါင်က ပြောသည်။

“ ဒီသေဆုံးသူနဲ့ ဒဏ်ရာရရှိသူကတော့လက်နက်ကြီးဒဏ်ကြောင့်ပိုများတယ်။ မိုင်းနင်းမိတာ က နည်းပါတယ်” ဟုလည်း ဦးဟောင်းဒေါင် က ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားသည့် တိုက်ပွဲ အမြန်ရပ်တန့်ပေးရန် ၊ တိုက်ပွဲများ မရပ်တန့် နိုင်သေးပါက အရပ်သား ထိခိုက်မှု အနည်း ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးရန် သျှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပါင်းဆောင်ရွက်ရေး အဖွဲ့ဝင် က တောင်းဆိုလိုက်သည်။

တိုက်ပွဲ ကာလ ၁၃ရက် အတွင်း တရက်လျှင် အရပ်သား ၂ ဦး၊ ၃ ဦး ခန့် ထိခိုက် သေဆုံးမှု ဖြစ်နေကြောင်း ထိုကဲ့သို့ အချိန်တို အတွင်း အရပ်သားများ ကို ထိခိုက်နေခြင်းကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပါင်းဆောင်ရွက်ရေး အဖွဲ့ဝင် ပြောဆိုလိုက်သည်။

ပဋိပက္ခကြောင့် ကုန်သွယ်ရေး စီးဆင်မှု ပြတ်တောက်လာခြင်း အပေါ် ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက် ကာ ကုန်စျေးနှုန်း မတည်ငြိမ် မှု ဖြစ်ပေါ် စေခြင်း ကိစ္စရပ်များအား သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာန များမှ ထိရောက်စွာထိန်းကျောင်းပေးရန်လည်းသျှမ်းပြည်နယ် မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပါင်းဆောင်ရွက်ရေး အဖွဲ့ဝင် ပြောဆိုလိုက်သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...