ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးဝန်းကျင်ကို စစ်ကော်မရှင်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့

ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးဝန်းကျင်ကို စစ်ကော်မရှင်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးအလုံးရေ အမြောက်အများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “Khuangli ရွာ အနီးအနားကို ဗုံးအလုံးရေ အမြောက်အများနဲ့ ဗုံးကြဲတာတွေလုပ်သွားတယ် အဲဒီရွာက အများစုက တေ စစ်ဘေးရှောင်သွားကြတယ်ဆိုတော့ အထိခိုက်တော့ မရှိလောက်ဘူး အဆောက်အဦး အထိအခိုက်လည်း အခုချိန်မှာ အတိကျမသိရသေးဘူး အခုဗုံးကြဲခံရတဲ့ အနီးအနားမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို ဗုံးကြဲတာဖြစ်မယ်”လို့ ပြောပါတယ်။

ဖလမ်းမြို့နယ်၊ ခွန်လီ ကျေးရွာဟာ အိမ်ခြေအတော်အတန်များစွာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃၀၀ ဝန်းကျင်လောက် နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဝေဘူလမြို့ကနေ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တန်ပြန် တိုက်ခိုက်မှုတွေကြောင့် ရှေ့မတိုးနိုင်ဘဲ Sumhrang ကျေးရွာအနီးတဝိုက်မှာ ရှိနေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က မြေပြင် စစ်ကြောင်းသာမက လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...