ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးဝန်းကျင်ကို စစ်ကော်မရှင်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့

ဖလမ်းမြို့နယ် Khuangli ကျေးရွာအနီးဝန်းကျင်ကို စစ်ကော်မရှင်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပေမယ့် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးအလုံးရေ အမြောက်အများနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “Khuangli ရွာ အနီးအနားကို ဗုံးအလုံးရေ အမြောက်အများနဲ့ ဗုံးကြဲတာတွေလုပ်သွားတယ် အဲဒီရွာက အများစုက တေ စစ်ဘေးရှောင်သွားကြတယ်ဆိုတော့ အထိခိုက်တော့ မရှိလောက်ဘူး အဆောက်အဦး အထိအခိုက်လည်း အခုချိန်မှာ အတိကျမသိရသေးဘူး အခုဗုံးကြဲခံရတဲ့ အနီးအနားမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်ထင်တဲ့ နေရာတွေကို ဗုံးကြဲတာဖြစ်မယ်”လို့ ပြောပါတယ်။

ဖလမ်းမြို့နယ်၊ ခွန်လီ ကျေးရွာဟာ အိမ်ခြေအတော်အတန်များစွာ တည်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၃၀၀ ဝန်းကျင်လောက် နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဝေဘူလမြို့ကနေ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာလည်း ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တန်ပြန် တိုက်ခိုက်မှုတွေကြောင့် ရှေ့မတိုးနိုင်ဘဲ Sumhrang ကျေးရွာအနီးတဝိုက်မှာ ရှိနေကြဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က မြေပြင် စစ်ကြောင်းသာမက လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

January 7, 2026
တစ်ချိန်မှာ လူသန်းပေါင်းများစွာကို စည်းလုံးစေမယ့် အသံလေးတစ်ခုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က...
January 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...