အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အသက်မပြည့်ကလေးငယ်ကို အာမခံဖြင့်ပြန်လွှတ်

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အသက်မပြည့်ကလေးငယ်ကို အာမခံဖြင့်ပြန်လွှတ်

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ၅ လနီးပါး တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ် ပြိုင်းချကျေးရွာမှ အသက် (၁၈)နှစ်မပြည့်သေးသည့် မောင်စိုးမိုးကျော်ကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် မြောက်ဦးမြို့နယ် တရားရုံးက အာမခံဖြင့်ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။

အသက်မပြည့်သေးသည့် မောင်စိုးမိုးကျော်အား သူ၏မိဘတွင်ရှိသည့် အိမ်၊မြေပိုင်ဆိုင်မှု အထောက်အထားများအပါအဝင် အာမခံသူနှစ်ဦးဖြင့် မိဘအုပ်ထိန်းခွင့်အဖြစ် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ပြောသည်။

“သူ့ကိုက စွပ်စွဲခံရသူတစ်ယောက်အနေနဲ့ အပြင်ကလာပြီး ရုံးတက်ရမယ်။ ရုံးမှာ စစ်ဆေးခံရမယ်။ ဆိုလိုတာက အချုပ်ထဲမှာမထားဖို့အတွက် လျှောက်တာပဲရှိတယ်” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးအေးထွန်းမောင်က ပြောသည်။

မောင်စိုးမိုးကျော်ကို သြဂုတ်လ ၁၅ ရက်နေ့က မြောက်ဦးမြို့နယ် ကလေးသူငယ်တရားရုံးတွင် ပြောင်းရွှေ့ စစ်ဆေးရန် စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မောင်စိုးမိုးကျော်ကို ဆက်လက်ပြီး ပညာသင်ကြားရန်အတွက်လည်း စီစဉ်ထားသည်ဟု မောင်စိုးမိုးကျော်၏မိခင် ဒေါ်ခိုင်ရွှေသန်းက ပြောသည်။

“သူ့အတွက် အခက်အခဲကရှိတာပေါ့။ အခုက လေးလ ငါးလဖြစ်သွားပြီ။ ဒါပေမယ့် ကျောင်းထားဖို့အတွက် စီစဉ်ထားတယ်” ဟု သူကဆိုသည်။

ယင်းအပြင် သူ၏အမှုနှင့်ပတ်သတ်ပြီး လာမည့် စင်တာဘာလ ၁၀ ရက်နေ့ကို ရုံးချိန်းလိုက်သည်ဟု သိရသည်။

မောင်စိုးမိုးကျော်သည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသား ၂၄ ဦးအမှုတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က တပ်မတော်စစ်ကြောင်းနှင့် အေအေအဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အေအေအဖွဲ့က ကျေးရွာအတွင်းဝင်ရောက်သွားသည့်အတွက် လက္ကာကျေးရွာအတွင်းက မသင်္ကာဖွယ်လူ ၂၇ ဦးကို ဖမ်းဆီးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းလက္ကာကျေးရွာသား ၂၇ ဦးကို တပ်မတေ်ာက သံသယဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်ကြောရေးကာလအတွင်းတွင် စစ်ဆေးခံနေရသူများအထဲက ၃ ဦး သေဆုံးသွားခဲ့သည်။

သူတို့ ၃ ဦး သေဆုံးခြင်းသည် ဖျားနာခြင်း၊ ဆွဲကြိုးချသေဆုံးခြင်း၊ မှုးယစ်ဆေးဝါးဆေးပြတ်ပြီး သေဆုံးခြင်းဖြစ်သည်ဟု တပ်မတော်ကပြောဆိုထားသည်။ သို့သော် မိသားစုဝင်များက တပ်မတော်၏ ပြောကြားချက်ကို လက်မခံကြပေ။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...