ရသေ့တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေ

ရသေ့တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ဆေးကုသမှုခံယူနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာမှ အမျိုးသမီးတစ်ဦးကို သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျည်ထိမှန်ခဲ့သဖြင့် စစ်တွေဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထွန်းရဝေကျေးရွာအနီးတွင် သေနတ်ပစ်ခတ်မှုများကြောင့် ကြောက်လန့်ထွက်ပြေးစဉ် ဒေါ်ခင်ဝင်းချေ၊ ၂၅ နှစ်၏ နောက်ကျောတွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ကားလမ်းက ပေါက်ပါတယ်။ ပေါက်သံကြားတာနဲ့ ကားလမ်းပေါ်ကြည့်လိုက်တော့ စစ်သားတွေအများကြီး။ စစ်သားတွေက ရွာဘက်ကိုပဲလှမ်းပစ်တယ်။ ကျွန်မတို့ကပုန်းခိုနေကြတယ်။ အိမ်တွေမှာလည်းကျတယ်။ ကျွန်မချွေးမကိုပြေးခိုင်းပြီး ကန်ဘောင်အောက်မှာပုန်းနေဖို့ပြောတော့ သူပြေးသွားပြီး ပုန်းဖို့လုပ်တော့ ကျောကုန်းမှာ ကျည်ထိမှန်သွားခဲ့တာ” ဟု ဒဏ်ရာရရှိသူ၏မိသားစုဝင် ဒေါ်ပြားမချေက ဆိုသည်။

ဒဏ်ရာရရှိသွားသူ ဒေါ်ခင်ဝင်းချေအား သြဂုတ်လ ၂၃ ရက်နေ့က စစ်တွေဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ပြီး ရန်ကုန်သို့ဆက်လက်ပို့ဆောင်ပြီး ဆေးကုသမှုခံယူသွားမည်ဖြစ်သည်။

၎င်း၏ကျောရိုးတွင်ဝင်သွားသည့်ကျည်ဆံကြောင့် အာရုံကြောဆိုင်ရာပြဿနာရှိနေကာ ခါးအောက်ပိုင်းမှ အထိအတွေ့ကို မခံစားရတော့ဘဲဖြစ်နေကြောင်း ကူညီရေးအဖွဲ့များထံမှသိရသည်။

ထွန်းရဝေကျေးရွာအနီးမှ ပစ်ခတ်မှုများကြောင့် ကျေးရွာသားများမှာလည်း ထွက်ပြေးနေကြကြောင်း ထွန်းရဝေကျေးရွာမှ ဆရာတော် ဦးတေဇဗလက မိန့်ကြားသည်။

“တံတားနားမှာ မှိုင်းပေါက်ကွဲတာသံတော့ကြားတယ်။ အဲ့မှာစစ်တပ်ကရမ်းပြီး ရွာဘက်ကိုပစ်တယ်လို့ ပြောတယ်။ ရွာကလူတွေက ကြောက်ပြီးထွက်ပြေးကျတယ်။ ရွာကနေပြီး ဘုန်းကြီးကျောင်းဘက်ကို ထွက်ပြေးလာတဲ့အခါ ဘုန်းကြီးကျောင်းအနီး ရေကန်နားမှာထိတာ ” ဟု ဆရာတော်ကမိန့်သည်။

ယခုကဲ့သို့ တပ်မတော်မှပစ်ခတ်မှုကြောင့် ကျေးရွာသားတစ်ဦးဒဏ်ရာရရှိခဲ့သည့်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီအား သြဂုတ်လ ၂၃ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးလုပ်နေသဖြင့် ဖြေကြားနိုင်မှုမရှိကြောင်း တုန့်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုများကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန်ရောက်ရှိလာသူဦးရေ ၅၀ ကျော်အထိရှိပြီး ထိုအထဲမှ ရန်ကုန်သို့ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သူ ၆ ဦးအထိရှိကြောင်း ကူညီရေးအဖွဲ့များ၏စာရင်းအရ သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...