ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးခံကျောင်းဆရာအား ပုဒ်မတစ်ခုထပ်တိုးအမှုဖွင့်

ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးခံကျောင်းဆရာအား ပုဒ်မတစ်ခုထပ်တိုးအမှုဖွင့်

ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာမှဖမ်းဆီးထားသည့် မူလတန်းပြကျောင်းဆရာ နိုင်အောင်ထွန်းအား ပုဒ်မတစ်ခုထပ်တိုးဖွင့်လှစ်ထားကြောင်း မိသားစုဝင်များထံမှသိရသည်။

ကျောင်းဆရာနိုင်အောင်ထွန်းအား သြဂုတ်လ ၂၁ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တရားရုံး၌ ရုံးထုတ် ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးဘသန်းမောင်က ဆိုသည်။

“ကျနော့်သားတစ်ဦးတည်းကို တရားရုံးကိုခေါ်လာပါတယ်။ သားနဲ့တော့ တွေ့ခွင့်ရလိုက်ပါတယ်။ ပုဒ်မတစ်ခု ထပ်တိုးအမူဖွင့်လိုက်တယ်လို့ သိရပါတယ်။ စစ်ဆေးရုံမှာ ကုသမှုခံယူပြီး ဆေးရုံကဆင်းလာပြီလို့လည်း သိရ ပါတယ်။ မျက်နှာကတော့ နည်းနည်းဖူးရောင်နေတုန်းပါ။ လက်ကောက်ဝတ်တွေမှာလည်း ဒဏ်ရာတွေတော့ ရှိပါသေးတယ်” ဟု ဦးဘသန်းမောင်က ပြောသည်။

လက်ရှိတွင် ကျောင်းဆရာနိုင်အောင်ထွန်းအား ဘူးသီးတောင်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်၊ ကျောင်းဆရာ နိုင်အောင်ထွန်းနှင့် ကျောက်ရံကျေးရွာမှ ဦးကျော်သူစိုး၊ သရက်ပြင်ကျေးရွာမှ မောင်ထွန်းစိန်၊ ဖုံညိုလိပ်ကျေးရွာမှ မောင်ဖြူဒေါင်းတို့ကို AA နှင့် ဆက်သွယ်သည်ဟုဆိုကာ သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။

ယခုအခါ ကျောင်းဆရာနိုင်အောင်ထွန်းတစ်ဦးတည်းကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)ဖြင့် ထပ်တိုး ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာ၌ တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ ဦးနေဇော်လင်းအားလည်း သြဂုတ်လ ၇ ရက်နေ့တွင် တပ်မတော်ကဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့ဖြင့်အမှုဖွင့်လှစ်ကာ ချုပ်ရမန်ယူစစ်ဆေးလျက်ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...