ပုဏ္ဏားကျွန်းမြို့နယ်တွင် ရဲယာဉ်တန်း မိုင်းဆွဲခံရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် ရဲယာဉ်တန်း မိုင်းဆွဲခံရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရဲတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရဲယာဉ်တန်းမှာ ကျောက်တော်မြို့နယ်မှ စစ်တွေမြို့နယ်သို့လာစဉ် ပုဏ္ဏားကျွန်းမြို့နယ် ပက်ခွက်ဆိပ်ကျေးရွာအနီးတွင် တစ်ကြိမ်နှင့် ပြိုင်းတောကျေးရွာအနီးတွင်တစ်ကြိမ် မိုင်းဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲခံရသည့်ယာဉ်တန်းမှာ အမှတ် (၃၂)ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ယာဉ်တန်းဖြစ်ကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ဒုရဲအုပ်ယာဉ်တန်းက စစ်တွေကနေ ကျောက်တော်ကိုသွားတဲ့လမ်းမှာ မိုင်းဆွဲခံရတာ၊ ဒါပဲ” ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒုရဲမှူးတစ်ဦးသေဆုံးပြီး တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ယခုကိစ္စအား ပြောကြား၍မရသေးကြောင်း ဆိုသည်။

ယခုမိုင်းဆွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...