ကျောက်တော်ရဲတပ်ဖွဲ့မှူးအား ဓားဖြင့်ထိုးသူကို ဖမ်းမမိသေး

ကျောက်တော်ရဲတပ်ဖွဲ့မှူးအား ဓားဖြင့်ထိုးသူကို ဖမ်းမမိသေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်မှာ သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ခန့်က ဓါးထိုးခံရပြီး ပြင်းထန်ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ရဲမှူးစောသန်းလွင်မှာ ကျောက်တော်မြို့ဆိပ်ကမ်းရုံးအနီး ကမ်းနားလမ်းတွင်ရှိနေစဉ် ဓားဖြင့် သုံးချက်အထိုးခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်မြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ ထိုးသွင်းဒဏ်ရာများရရှိခဲ့သည့် ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးအား ကျောက်တော်မြို့နယ်ဆေးရုံတွင် ကုသမှုခံယူခဲ့ပြီး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

“၅ နာရီထိုးလောက်မှာ ဘုတ်ဆိပ်နားမှာဖြစ်တယ်လို့ပြောတယ်။ ကျူးလွန်သူက ဘယ်သူဘယ်ဝါဆိုတာ ဆိုတာတော့ မသိရသေးဘူး” ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ဓားထိုးမှုဖြစ်စဉ် ရဲမှူးစောသန်းလွင်၏အနီးတွင် အခြားရဲများလည်းရှိနေသော်လည်း ကျူးလွန်သူအား ဖမ်းမမိလိုက်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်အား ဓါးဖြင့်ထိုးသွင်းထားသူမှာ မည်သူ၊ မည်ဝါဖြစ်သည်ကို မသိရှိသေးပေ။

“အဲ့ကိစ္စ လောလောဆယ် ပြောလို့မရသေးဘူး” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ဆိုသည်။

ထိုးသွင်းဒဏ်ရာများရရှိခဲ့သည့် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင်းအား စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...